မင်္ဂလာဒုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါအသိပညာပေး လက်ကမ်းစာစောင်နှင့် (Mask)နှာခေါင်းစည်းများ(အခမဲ့) ဖြန့်ဝေ

မင်္ဂလာဒုံ  အောက်တိုဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်ရွာမရပ်ကွက်၊ ပဲခူးလမ်းတွင် ယမန်နေ့နံနက်(၉)နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးကော်မတီမှတာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါအသိပညာ ပေးလက်ကမ်းစာစောင်နှင့်(Mask)နှာခေါင်းစည်းများ(အခမဲ့) ဖြန့်ဝေခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ထောက်ကြန့်ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူးဦးထွန်းကျော်နိုင်နှင့်အဖွဲ့များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဦးစီးအရာရှိဦးသန်းဦးနှင့်အဖွဲ့ဝင်များပူးပေါင်း၍  လူစည်ကားရာနေရာများဖြစ်သည့် ကားမှတ်တိုင်၊ ကားပေါ်နှင့်စျေးဆိုင်များရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါအသိပညာပေးလက်ကမ်းစာစောင်နှင့် (Mask)နှာခေါင်းစည်းများ( အခမဲ့)ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

မြတ်သူဇာ ( မင်္ဂလာဒုံ)