ကော့သောင်း အောက်တိုဘာ ၂၀
ကော့သောင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းသား၊ ကျောင်းသူများ ကာယစွမ်းရည်နှင့် ဉာဏစွမ်းရည်များ ထက်မြက်လာစေရန် စွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ပြိုင်ပွဲများအဖြစ် အရုပ်ဆက်ပြိုင်ပွဲနှင့် ခြေဖဝါးလက်ဖဝါးပြိုင်ပွဲများကို အဖွဲ့အလိုက်စုဖွဲ့ယှဉ်ပြိုင်စေခြင်းဖြစ်ပြီး ပြိုင်ပွဲများတွင် အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူလေးများက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲအား ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား စာကြည့်တိုက်နှင့်ရင်းနှီးမှုရှိစေရန်၊ စဉ်းစားတွေးတောဆင်ခြင်ကြံဆမှုနှင့် တီတွင်ဖန်တီးလိုစိတ်များမြင့်မားလာစေပြီး ဖြတ်ထိုးဉာဏ်၊ စိတ်ကူးစိတ်သန်းများ ထက်မြက်လာစေရန်၊ ကိုယ်ကာယဖွံ့ဖြိုးတိုးတက်မြင့်မားလာပြီး ကျန်းမာကြံ့ခိုင်သည့်မျိုးဆက်သစ်များပေါ်ထွက်လာကာ ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်လိုစိတ်များ ဖြစ်ပေါ်လာစေရန်၊ အသင်းအဖွဲ့စိတ်ဓာတ်နှင့် စည်းလုံးညီညွတ်မှုအလေ့အထများ ရှင်သန်လာစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့ကြခြင်းဖြစ်ကာ ပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည် ကျောင်းသား၊ ကျောင်းသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တာဝန်ရှိသူများက အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ကျော်စိုး