တာမိုးညဲ အောက်တိုဘာ ၁၉
ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)မူဆယ်ခရိုင်၊ တာမိုးညဲမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club) အသင်းတို့ပူးပေါင်း၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အောက်တိုဘာ ၁၉ ရက် မွန်းလွဲ ၁ နာရီက "စာရေးဆရာ လယ်တွင်းသားစောချစ်" ရေးသားသော "ပန်းများပွင့်စေမွှေး စေသူ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးဒေါ်ခေါန်မိုင်က စာပေ ဖတ်ရှုခြင်း၏ အကျိုးကျေးဇူးနှင့် စာပေဖတ်ရှုသည့် အလေ့အထကောင်းများရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စာရေးဆရာ လယ်တွင်းသားစောချစ်ရေးသားသည့်" ပန်းများပွင့်စေမွေးစေသူ" စာအုပ်တွင် ပါရှိသည့် "အမြင့်မြတ်ဆုံးဥယျာဉ်မှူး" အကြောင်းအရာကို စာအုပ်စာစောင် ချစ်မြတ်နိုးသူမဒွဲဒင်ကဖတ်ကြားဆွေးနွေးသည်။ ဆက်လက်၍ "စေတနာ၊ ဂရုဏာနှင့် သင်ကြား ခြင်းအကြောင်းအရာကို စာအုပ်စာစောင်ချစ်မြတ်နိုးသူ အောင်မွန်းပန်က ဖတ်ကြားဆွေးနွေး သည်။
ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စာပေဝါသနာရှင်များမှလည်း စာအုပ်ပါ အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။ တာမိုးညဲမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ဝိုင်းများ၊ အသိပညာပေး ဆွေးနွေးပွဲများကို ဆောင်ရွက်ပေးခြင်း၊ စာဖတ်ပရိသတ် စာပေဝါသနာရှင်များ စာဖတ်သည့် အလေ့အကျင့်အားကောင်းလာစေရန်၊ စာပေမှရရှိသည့်အသိဖြင့် သူတပါးအား မျှဝေပေးနိုင် ရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိလာစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
(ခေါန်မိုင်)တာမိုးညဲ