လင်းခေးတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM နှင့်ဆက်စပ်ပစ္စည်းများအား ဖွင့်ဖောက်စစ်ဆေး
Oct 21,2025
၂၀၂၅ခုနှစ် ဒီဇင်ဘာ၂၈ရက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုသွားမည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)နှင့်ဆက်စပ်ပစ္စည်းများ ပြည့်စုံမှန်ကန်ပြီးကောင်းမွန်မှုရှိ/မရှိ သိရှိနိုင်စေရန်ရည်ရွယ်ချက်ဖြင့် လင်းခေးမြို့နယ်နည်းပညာ အထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ ခရိုင်နှင့်မြို့နယ်တာဝန်ရှိသူများသည် ယနေ့ နံနက်၉နာရီခွဲက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)နှင့် ဆက်စပ်ပစ္စည်းများအား ဖွင့်ဖောက်စစ်ဆေးခြင်းကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြသည်။