တောင်သာမြို့နယ်၌ ချည်မျှင်ရှည်ဝါ တောင်သူများအား သွင်းအားစုများ ပေးအပ်ပွဲနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးသင်တန်းဖွင့်လှစ်

တောင်သာ ဇူလိုင် ၁၇

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၌ ချည်မျှင်ရှည်ဝါ ပန်းတိုင်အထွက်နှုန်း ရရှိရေး စံပြကွက်များအတွက် တောင်သူများအား သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲနှင့် ပန်းတိုင် အထွက်နှုန်းရရှိရေး နည်းပညာပေးသင်တန်းဖွင့်ပွဲကို ဇူလိုင် ၁၇ ရက် နံနက် ၁၀ နာရီ က စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ သည်။

အခမ်းအနားသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွဋ်နိုင်က အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းအောင်ကျော်က ယခု ၂၀၂၆-၂၀၂၇ ခုနှစ် တောင်သာမြို့နယ်တွင် ပန်းတိုင်အထွက်နှုန်းရရှိရေး စံပြကွက် ၅၀ ဧက ကို နယ်သာယာကျေးရွာမှ တောင်သူ ၂၃ ဦးနှင့် ဆောင်ရွက်မည်ဖြစ်သည့်အတွက် အထွက်ကောင်းမျိုးဖြစ်သည့် ရွှေတောင် ၁၀ မျိုးနှင့် ယူရီးယား(ပုလဲ)မြေဩဇာများကို စံပြကွက်ဆောင်ရွက်မည့် တောင်သူများကို ပံ့ပိုးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက်  ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး ကျောဇာလင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးထွန်းအောင်ကျော်နှင့် တာဝန်ရှိသူများမှ နယ်သာကျေးရွာ တောင်သူများအား သွင်းအားစု ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)