စစ်ကိုင်း ဇူလိုင် ၁၈
အခြေခံပညာ မူလတန်း၊ အလယ်တန်း ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့် ပြည့်ဝစေရေး၊ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေရန် နေ့စဉ်ငှက်ပျောသီးများ ကျွေးမွေးနိုင်ရန် ရည်ရွယ်၍ အခြေခံပညာကျောင်းများရှိ မြေလွတ်၊ မြေလပ်များတွင် သီးမွှေး၊ ဖီးကြမ်း ငှက်ပျောပင်များ စိုက်ပျိုးပွဲကို ယနေ့ နံနက်ပိုင်းက စစ်ကိုင်းမြို့၊ ပတ္တမြားရပ်ကွက်၊ အခြေခံ ပညာမူလတန်းလွန်ကျောင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်မြတ်မိုးဝင်းက ငှက်ပျောစိုက်ပျိုးနည်းစနစ်များ၊ ရှင်သန်ကြီးထွားရန်အတွက် ပြုစုပျိုးထောင်ရမည့် နည်းလမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာမောင်စိုးနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများမှ ငှက်ပျောပင် (၃၀၀) ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြ ကြောင်း သိရသည်။
နေလင်းအောင် (ပြန်/ဆက်)