ဟုမ္မလင်း ဇူလိုင် ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ လယ်ယာလုပ်သားရှားပါးသောအခြေအနေနှင့် ကောက်စိုက်စရိတ်ကြီးမြင့်သည့် အခက်အခဲများကို ကျော်လွှားရန် ကုန်ကျစရိတ်သက်သာစွာဖြင့် အချိန်တိုအတွင်း ပြီးစီးနိုင်သော မျိုးစေ့ချကိရိယာဖြင့် တိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးနည်းစနစ်ကို ကျယ်ကျယ်ပြန့်ပြန့် တိုးချဲ့ဆောင်ရွက်ရန် ရည်ရွယ်၍ မိုးစပါးချကိရိယာဖြင့် စိုက်ပျိုးခြင်းကို နားသဲရွာ၊ ကွင်းအမှတ် ၆၁၊ နားသဲ/ပါမလုံကွင်း တောင်သူ ဦးဆန်းလူ၏ မိုးစပါးစိုက်ခင်း၌ ဇူလိုင်လ ၁၆ ရက်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ သရုပ်ပြမိုးစပါးစိုက်ခင်းသို့ ခရိုင်စီမံခန့်ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်က ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မိုးစပါးကို တိုက်ရိုက်မျိုးစေ့ချကိရိယာဖြင့် လက်တွေ့သရုပ်ပြသနေမှုအား ကြည့်ရှုခဲ့ပြီး တောင်သူများကို တွေ့ဆုံအားပေးခဲ့သည်။
ထို့နောက် ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း ကျေးလက်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်ထားရှိသည့် လယ်ယာကုန်ထုတ်လမ်းနှင့် ဆောက်လုပ်ဆဲကျေးရွာခန်းမအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဟုမ္မလင်း (ပြန်/ဆက်)