မိုးကောင်း ဇူလိုင် ၁၈
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ ကိုယ်အားကိုယ်ကိုးမူလတန်းကြိုကျောင်းမှ (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာရွတ်ပြိုင်ပွဲကို ဇူလိုင် (၁၈) နံနက် (၉) နာရီတွင် ကျင်းပသည်။
အခမ်းအနားကို မူကြိုကျောင်းသား၊ ကျောင်းသူများက နိုင်ငံတော်သီချင်းဖြင့် သီဆိုဖွင့်လှစ်၍ မူကြိုကျောင်းအုပ်ချုပ်မှုကော်မတီဥက္ကဋ္ဌ ဆရာမကြီး ဒေါ်ခင်မေရီမှ အဖွင့်အမှာစကားပြောကြားပြီး တာဝန်ခံဆရာမက ကျေးဇူးတင်စကားပြောကြားသည်။
ဆက်လက်၍ အကြိးတန်းမူကြိုကျောင်းသား၊ ကျောင်းသူများက ဇူလိုင်တစ်ဆယ့်ကိုး ကဗျာခေါင်းစဉ်ဖြင့်လည်းကောင်း၊ အငယ်တန်းကျောင်းသား၊ ကျောင်းသူများက ကိုးဦးအာဇာနည် ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးယှဉ်ပြိုင်ကြသည်။
ထို့နောက် ကိုယ်အားကိုယ်ကိုးမူကြိုတာဝန်ခံဆရာမနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များက အာဇာနည်နေ့အထိမ်းအမှတ် ဆေးရောင်ခြယ်နှင့် ကဗျာရွတ် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသူများကို ဆုအသီးသီးချီးမြှင့်ကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)