မိုးကောင်းမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ (၇၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့်ပန်းချီပြိုင်ပွဲများကျင်းပ

မိုးကောင်း ဇူလိုင် ၁၈

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့်ပန်းချီပြိုင်ပွဲကို ဇူလိုင် (၁၈) ရက် နံနက်(၉)နာရီတွင် ကျင်းပသည်။

 (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးကို “အာဇာနည်နေ့ဒို့မမေ့” ခေါင်းစဉ်ဖြင့် အလယ်တန်းအဆင့်(၁၃)ဦး၊ မူလတန်းအဆင့် (၆)ဦး၊ ကဗျာကို “တစ်ကိုးဇူလိုင် မမေ့နိုင်” ခေါင်းစဉ်ဖြင့် အလယ်တန်းအဆင့်(၁၂)ဦး၊ မူလတန်းအဆင့်(၈)ဦး ယှဉ်ပြိုင်ကြပြီး ပန်းချီအား စိတ်ကြိုက်ခေါင်းစဉ်ဖြင့် အလယ်တန်း(၁၇)ဦး၊ မူလတန်း (၉) ဦးတို့ အသီးသီးယှဉ်ပြိုင်ကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)