တာလေ ဇူလိုင် ၈
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် ၂၀၂၅-၂၀၂၆ပညာသင်နှစ်၊ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲအခမ်းအနားအား ယနေ့နံနက် (၁၀) နာရီအချိန်က အမှတ်(၃)ရပ်ကွက်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း(တာလေ)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် အခြေခံပညာအထက်တန်းကျောင်း(တာလေ)မှ ကျောင်းအုပ်ဆရာကြီး ဦးကျော်ဆန်းနှင့်ဆရာ/ဆရာမများ၊ ကျောင်းကော်မတီဝင်များ၊ ကျောင်းသား/ကျောင်းသူများက ဆရာတော်/သံဃာတော်များအား ဘုရားရှစ်ခိုးကန်တော့ကြပြီး တပ်ဦးဘုန်းတော်ကြီးကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ယင်းနောက် ဆရာတော်/ သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး တပ်ဦးကျောင်းတိုက် ဆရာတော်ထံမှ ဝါကျွတ်တရားတော်များနာယူကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်းနှင့် ဆရာတော်သံဃာတော်များအား နေ့ဆွမ်းနှင့်ခဲဖွယ်များ ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)