ချောက်မြို့မ​စျေး၌ မီး​ဘေးလုံခြုံ​ရေး ကြိုတင်ကာကွယ်​ရေး လက်​တွေ့မီးငြှိမ်းသတ် သရုပ်ပြ

ချောက် မတ်

မ​ကွေးတိုင်းဒေသကြီး၊ ​ချောက်ခရိုင်​၊ ချောက်မြို့နယ် မြို့မဈေး၌ မီးဘေးလုံခြုံ​ရေးကြိုတင်ကာကွယ်ရေးအတွက် မီးငြှိမ်းသတ်​ရေး လက်​တွေ့သရုပ်ပြမှုကို ယနေ့ နံနက် ၉ နာရီက အဆိုပါမြို့မ​ဈေး​​​ရှေ့တွင် ကျင်းပသည်။

လက်တွေ့သရုပ်ပြမှုတွင် မြို့နယ်မီးသတ်တပ်ဖွဲ့ ဒုတိယဦးစီးမှူး ဦးဇင်မျိုးသန့်မှ မီးလောင်မှုဖြစ်ပွားပါက DCP (Dry Chemical Powder) မီးသတ်​ဆေးဗူး အသုံးပြုပုံနည်းလမ်းများ ရှင်းလင်း​ပြောပြခြင်း၊ မြို့နယ်မီးသတ်တပ်ဖွဲ့ တပ်ကြပ်ကြီး​ဇော်ဟိန်းက မီးသတ်​ဆေးဗူး၏ လုံခြုံ​ရေးကြိုးဖြုတ်ခြင်း၊ မီး​လောင်သည့်​နေရာချိန်ခြင်း၊ ဆေးဖျန်းခလုတ်အား ညှစ်၍ မီး​လောင်သည့်​အောက်​​ခြေအား တည့်မတ်စွာဖျန်းခြင်းများကို ဦးစွာ လက်တွေ့မီးငြှိမ်းသတ်မှု သရုပ်ပြပြီး မြို့မဈေးဆိုင်ရှင်များနှင့် စျေးဝယ်ပြည်သူတို့က မီးသတ်​ဆေးဗူးအသုံးပြု၍ မီးငြှိမ်းသတ်ခြင်းများကို လက်တွေ့ဆောင်ရွက်ခဲ့ကြသည်။

မီး​ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မီးသတ်​ဆေးဗူးဖြင့်မီးငြှိမ်းသတ် လက်​တွေ့သရုပ်ပြခြင်းသို့ ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦး​အေးမင်းထွန်းနှင့် အဖွဲ့ဝင်(၃) ခရိုင်လဝကမှူး ဦးဆန်းဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့ ဒုရဲမှူးသန့်ဇင်ထူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာ​ရေး​ကော်မတီဥက္ကဋ္ဌ ဦးသန့်ဇင်ဦး၊ မြို့နယ်စည်ပင်အမှု​​ဆောင်အရာရှိ ဦး​နေမန်း၊ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးသိန်း​ဇော်ဝင်းနှင့် တပ်ဖွဲ့ဝင်များ၊ မြို့မ​စျေးတာဝန်ခံနှင့် ​စျေး​ကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ကျော်မိုး(ပြန်/ဆက်)