ဘီးလင်း မတ် ၁
မွန်ပြည်နယ် ဘီးလင်းမြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် အကြောင်းအမျိုးမျိုးကြောင့် ခြေအင်္ဂါချို့ယွင်းပြီး ခြေတုတပ်ဆင်ထားသူများ၏ ပျက်စီးနေသော ခြေတုများ ပြုပြင်ပေးခြင်းနှင့် အသစ်များ ပြန်လည်ပြုလုပ်ပေးခြင်းကို ယနေ့နံနက် ၉နာရီက ဘီးလင်းမြို့နယ် ကြက်ခြေနီအသင်းခွဲရုံး၌ ပြုပြင်တပ်ဆင်ပေးလျှက်ရှိကြောင်း သိရသည်။
အဆိုပါ ခြေတုများ ပြုပြင်ဆောင်ရွက်ပေးခြင်းကို ဘားအံခြေတုလက်တုဆိုင်ရာ ပြန်လည်သန်စွမ်းရေးဌာန မှကွင်းဆင်းအရာရှိ ဦးဇော်ဇော်နှင့် အဖွဲ့ဝင်များ၊ ဘီးလင်းမြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ယနေ့နံနက် ၉ နာရီမှ နေ့လယ် ၁၂ အထိ (အခမဲ့)ဆောင်ရွက်ပေးခဲ့ရာ ဘီးလင်းမြို့နယ်အတွင်းရှိ ခြေတုပြုပြင်ခြင်း အားပြုကိရိယာ ပြုပြင်ခြင်းနှင့် ဘီးတပ်ကုလားထိုင်ပြုပြင်ခြင်း လာရောက်ဆောင်ရွက်သူ စုစုပေါင်း (၄၂) ဦး ရှိကြောင်း သိရသည်။
ဘီးလင် (ပြန်ဆက်)