နောင်ချိုမြို့နယ် ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ် Grade (9) နှစ်ဆုံးစာမေးပွဲနောက်ဆုံးနေ့ ဖြေဆိုပြီးစီး

နောင်ချို မတ် ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ ပညာသင်နှစ် Grade(5) နှင့် Grade(9) နှစ်ဆုံးစာမေးပွဲကို ဖေဖော်ဝါရီလ ၂၂ရက်နေ့မှ စတင်၍  သက်ဆိုင်ရာ စာစစ်ဌာနများအလိုက် ဖြေဆိုလျက်ရှိရာ ယနေ့တွင်  Grade(9) အတန်း၏ နောက်ဆုံးနေ့အဖြစ် အခြေခံသိပ္ပံ ဘာသာရပ်ကို  ဖြေဆိုခဲ့ကြကြောင်း သိရသည်။

နောင်ချိုမြို့နယ်တွင် Grade(9) နှစ်ဆုံးစာမေးပွဲအား နောင်ချိုမြို့နယ်ရှိ စာစစ်ဌာန(၂၈)ခု ၌ အခြေခံ ပညာကျောင်းများမှ အလယ်တန်းအဆင့် Grade(9) နှစ်ဆုံးစာမေးပွဲ ဖြေဆိုသည့် စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ(၁၁၆၇)ဦး၊ ဖြေဆိုသူ(၁၁၅၅)ဦးရှိပြီး ပျက်ကွက်သူ(၁၂)ဦးရှိကြောင်းနှင့် နောက်ဆုံး ဘာသာရပ်ဖြစ်သော အခြေခံသိပ္ပံဘာသာရပ်ကို အေးချမ်းစွာ ဖြေဆိုပြီးမြောက်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

ထွေးငယ် (နောင်ချို၊ ပြန်/ဆက်)