ကန်ကြီးထောင့်မြို့နယ်တွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးများ တွေ့ဆုံပွဲကျင်းပ

ကန်ကြီးထောင့် မတ် ၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာရေးများတွေ့ဆုံပွဲကို ယနေ့နံနက် (၁၀) နာရီက ဧရာသီရိသုခအစည်းအဝေးခန်းမတွင် ကျင်းပသည်။

ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်က ဝါးဒူးကျေးရွာတွင်ကျင်းပမည့် တောင်သူလယ် သမားနေ့အခမ်းအနားအတွက် ဆောင်ရွတ်ရမည့်လုပ်ငန်းများ၊ မြို့ရွာဖွံ့ဖြိုးတိုးတက်ရေး၊ အောင်ချက်မြင့်မားရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ယာဉ်အန္တရယ်ကင်းဝေးစေရေး၊ အမှိုက်များစနစ်တကျစွန့်ပစ်ရေးနှင့် မြို့သန့်ရှင်း သာယာလှပစေရေးများအား ရှင်းလင်းပြောကြား ဆွေးနွေးသည်။ ဆက်လက်၍ အဖွဲ့ဝင်(၁)ဗိုလ်မှူး နိုင်လင်းအောင်မှ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေလုံခြုံရေး ကိစ္စရပ်များအားရှင်းလင်းပြောကြားဆွေးနွေးရာ တက်ရောက်လာကြသည့် ရပ်ကျေး အုပ်ချုပ်ရေးမှူးများ၊ စာရေးများက ပြန်လည်ဆွေးနွေးတင်ပြခဲ့ကြသည်။

အဆိုပါဆွေးနွေးပွဲသို့ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်(၇)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၇၃) အုပ်စုမှ အုပ်ချုပ်ရေးမှူးများနှင့် စာရေးများတက်ရောက်ခဲ့ကြကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)