ပုဇွန်တောင်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၌ အမျိုးသမီးအကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး Talk Show ကျင်းပ

ပုဇွန်တောင် ဖေဖော်ဝါရီ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာကော်မတီတို့ပူးပေါင်း၍ ယနေ့နံနက် ၁၁ နာရီက အမျိုးသမီးအကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး Talk Show ကျင်းပခဲ့သည်။

ရှေးဦးစွာ ပုဇွန်တောင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဟန်စုယဉ်က အသိပညာပေး Talk Show ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်အမျိုးသမီးရေးရာကော်မတီဉက္ကဋ္ဌ ဒေါ်ခိုင်သီတာမြင့်က အမျိုးသမီးများ၏အခွင့်အရေးများအကြောင်း၊ အမျိုးသမီးများနှင့်ပတ်သက်၍ ဥပဒေပြဌာန်းထားရှိမှုများ၊ အကြမ်းဖက်မှုဖြစ်စဉ်များ၊ အမျိုးသမီးအကြမ်းဖက်မှုပပျောက်ရေး၊  ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်နှင့်  အမျိုးသမီးအကြမ်းဖက်ခံရပါက ဆက်သွယ်အကူအညီ တောင်းခံနိုင်မည့်နည်းလမ်းများကို ဆွေးနွေးပြောကြားခဲ့သည်။

ပုဇွန်တောင်မြို့နယ် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာပေအသိ ပညာဗဟုသုတတိုးပွားစေ‌ရေးအတွက် အွန်လိုင်းမှတစ်ဆင့် ယခုလို အသိပညာပေးဆွေးနွေးပွဲ Talk Show များပြုလုပ်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ နံရံကပ်စာစောင်နှင့် ဓါတ်ပုံပြပွဲများ ပြုလုပ်ပြသပေးခြင်း၊ သုတ၊ ရသစာအုပ်အညွှန်းများ မိတ်ဆက်ခြင်းတို့အပြင် ကလေးများ ဉာဏ်ရည်ဉာဏ်သွေးဖွံ့ဖြိုးလာစေရန်အတွက် ကဗျာရွတ်ဆိုခြင်း၊ ပုံပြင်ပြောခြင်းအစီအစဉ်များ ရိုက်ကူး ထုတ်လွှင့်ပြသပေးခြင်းစသည့် အသိပညာပေးအစီအစဉ်များအား Facebook Page မှ ဝန်ဆောင်မှု ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

ဟန်စုယဉ်