ဘိုကလေး ဖေဖော်ဝါရီ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်၊ (၁၈)လမ်းမရှိ ရွှေလင်းအိမ် သောက်ရေသန့်စက်ရုံ ဂိုထောင်သည် ဖေဖော်ဝါရီ(၂၁)ရက်နေ့ ညသန်းခေါင်ယံ အချိန်၌ လျှပ်စစ်ဝါယာလျှော့ ကြောင့် မီးလောင်ကျွမ်းမှုဖြစ်ပွားရာ ဂိုထောင်နံဘေးမှ လူနေအိမ် (၁)လုံး မီးဘေးသင့်ဆုံးရှုံးခဲ့သဖြင့် ယနေ့ နေ့လယ်(၁)နာရီအချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ ဦးကံဝင်းနှင့် အဖွဲ့သည် မီးဘေးသင့်နေရာသို့ သွားရောက်ကာ မီးဘေးသင့် အိမ်ထောင်စုဝင် (၂)စုနှင့် တွေ့ဆုံနှစ်သိမ့် အားပေးစကားပြောကြားပြီး မြို့နယ်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့မှ မီးဘေးသင့်အိမ်ထောင်စု (၂)စုအတွက် ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ခဲ့သည်။
ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် မီးဘေးသင့်လူနေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းစရိတ်အဖြစ် ထောက်ပံ့ငွေ(၂)သိန်းကျပ်၊ မီးဘေးသင့် အိမ်ထောင်စုဝင်(၄)ဦး အတွက် တစ်ပတ်စာ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၈၄၀၀)ကျပ်၊ မီးဘေးသင့်အိမ်ထောင်စု(၂)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါပုံး (၂)ပုံး၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့အနေဖြင့် မီးဘေးသင့် အိမ်ထောင်စု(၂)စု အတွက် မိသားစုသုံးပစ္စည်း ပုံး(၂)ပုံး၊ မီးဖိုချောင်သုံးပစ္စည်း(၂)စုံ၊ တစ်ကိုယ်ရည်သုံး ပစ္စည်းပုံး(၂)ပုံး၊ အမျိုးသမီးသုံးပစ္စည်း (၂)စုံ၊ အိမ်ဆောက်ပစ္စည်း(၂)စုံတို့အား အသီးသီးထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)