သတင်းများ

တနင်္သာရီမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာ Grade-5 နှင့် Grade-9 စာမေးပွဲများ စတင်ဖြေဆိုအမှတ်(၂)စစ်နယ်မြေမှူးဗိုလ်မှူးကြီးအောင်ကိုလတ် ကြည့်ရှုအားပေး
Feb 22,2023
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာမူလ တန်းအဆင့် Grade-5 နှင့် အလယ်တန်း အဆင့် Grade-9 တန်း ပြီးမြောက်မှု စစ်ဆေးခြင်းစာမေးပွဲကို ယနေ့နံနက်၉နာရီအချိန်မှ၍ အထက-တနင်္သာရီကျောင်း (အပါအဝင်) သက်ဆိုင်ရာ အခြေခံပညာကျောင်း စာစစ်ဌာနများတွင် ကျောင်းသူ/သားများက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်နှင့်အညီ (ပထမ)နေ့ မြန်မာစာဘာသာကို စတင်ဖြေဆိုနေကြပြီဖြစ်ကြောင်း မြို့နယ်ပညာ ရေးမှူးရုံးမှ သိရသည်။
မက်မန်းမြို့နယ်အတွင်းရှိကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်
Feb 22,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ”ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်အတွင်းရှိ ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစောမြင့်ထွန်းသည် ခရိုင်ဦးစီးမှူးနှင့် မြို့နယ်ဦးစီးများလိုက်ပါ၍ မက်မန်းမြို့နယ်အတွင်းရှိ အေးကျန့်ကျေးရွာ၊ မင်းရန်အောင်ကျေးရွာနှင့် အောင်သံလွင်ကျေးများသို့ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များစုစည်း၍ Book Club စာဖတ်ဝိုင်းပြုလုပ်
Feb 22,2023
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင် များ၏ Book Club စာဖတ်ဝိုင်းကို ယမန်နေ့ညနေပိုင်းက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြုလုပ်ခဲ့သည်။
နိုင်ငံတော်စီမံအုပ်အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်၊ ပြည်ထောင်စုဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် ကလေးခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ တွေ့ဆုံပွဲကျင်းပ
Feb 22,2023
နိုင်ငံတော်စီမံအုပ်အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်၊ ပြည်ထောင်စုဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် ကလေးခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ တွေ့ဆုံပွဲအခမ်းအနားကို ကလေးမြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမတွင် ယနေ့မွန်းလွဲ ၁၂ နာရီ ၃၀မိနစ် အချိန်က ကျင်းပခဲ့သည်။
ပလောက်မြို့၌ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှါးရမ်းပေးခြင်းဆောင်ရွက်
Feb 22,2023
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက်  ၉ နာရီခွဲအချိန်က မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့  သွားရောက်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
နမ့်ဆန်မြို့နယ်တွင် ၂၀၂၃ ခုနှစ် မတ်လတွင်ပြုလုပ်မည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျောင်းသား/သူ (၂၁၇)ဦး ဝင်ရောက်ဖြေဆိုမည်
Feb 22,2023
၂၀၂၃ ခုနှစ် မတ်လ ၈ ရက်နေ့မှစ၍ မတ်လ ၁၈ ရက်နေ့အထိ တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုကျင်းပသွားမည်ဖြစ်ရာ ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် စာစစ်ဌာန(၁)ခုဖြင့် ဖြေဆိုကျင်းပသွားမည်ဖြစ်ရာ ဖြေဆိုမည့်ကျောင်းသား/သူပေါင်း(၂၁၇)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း နမ့်ဆန်မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
ဒေးဒရဲမြို့ (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Feb 22,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် မြို့နယ်အတွင်း စာပေချစ်မြတ်နိုး တန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် စာပေမှရသော အသိအမြင် ဗဟုသုတများကို အသုံးချနိုင်စေရန် ရည်ရွယ်၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် ပူးပေါင်း၍ Community Centre ခန်းမ၌ စာဖတ်ဝိုင်းကို ယမန်နေ့ နံနက် (၁၁)နာရီခွဲက ဆောင်ရွက်ခဲ့သည်။
ကွမ်းခြံကုန်းမြို့နယ်တွင် ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးကွင်းဆင်း
Feb 22,2023
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ မြို့နယ်စာကြည့်တိုက်ကြီးကြပ်မှုကော်မတီမှ ယမန်နေ့က တိုက်ကြီးကျေးရွာအလင်းသစ်စာကြည့်တိုက် ရှင်သန်ဖွံ့ဖြိုးရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။