ကွမ်းခြံကုန်းမြို့နယ်တွင် ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးကွင်းဆင်း

ကွမ်းခြံကုန်း ဖေဖော်ဝါရီ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ မြို့နယ်စာကြည့်တိုက်ကြီးကြပ်မှုကော်မတီမှ ယမန်နေ့က တိုက်ကြီးကျေးရွာအလင်းသစ်စာကြည့်တိုက် ရှင်သန်ဖွံ့ဖြိုးရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် ကျေးရွာစာကြည့်တိုက်ကော်မတီဝင်များအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန့်ဆွေနွယ်ဦးက စာကြည့်တိုက်ရှင်သန်ဖွံဖြိုးရေး၊ စာအုပ်စာစောင်များတိုးပွားရေး၊ ခိုင်မာသည့် စာကြည့်တိုက်ကော်မတီအဖြစ် ရပ်တည်ပေးရေး၊ စာဖတ်/စာဌားပရိသတ် ပိုမိုတိုးပွားလာအောင် ဝိုင်းဝန်းဆောင်ရွက်ပေးရေးနှင့် မြို့နယ်စာကြည့်တိုက်  ကြီးကြပ်မှုကော်မတီအဖွဲ့ဝင် ဦးသန်းမြင့်က စာကြည့်တိုက်မှူးအား   မိမိဖွင့်လှစ် ပေးနိုင်သည့်အချိန်အား သတ်မှတ်၍ စာကြည့်တိုက်ဖွင့်ပေးနိုင်ရေးနှင့်ကျေးရွာအတွင်းရှိ ကျေးရွာသူ/ကျေးရွာသားများက မိမိစာကြည့်တိုက်အား အားကိုးအားထားပြုသည့် စာကြည့်တိုက်ဖြစ်အောင် ကြိုးစားဆောင်ရွက်သွားရန်တို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆွေနွယ်(IPRD)