ပလောက်မြို့၌ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှါးရမ်းပေးခြင်းဆောင်ရွက်

ပလောက် ဖေဖော်ဝါရီ ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေးခြင်းကို ယနေ့နံနက်  ၉ နာရီခွဲအချိန်က မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့  သွားရောက်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

စာကြည့်တိုက်သို့ ကိုယ်တိုင်မလာရောက်နိုင်သည့်စာဖတ်ပရိတ်သတ်များအား စာအုပ်စာပေများကို အလွယ်တကူဖတ်ရှုလေ့လာနိုင်ရန်ရည်ရွယ်၍ စာဖတ်ပရိတ် သတ်များထံအရောက် ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ပြီး အပတ်စဉ်စာအုပ်စာစောင်အသစ်များသွားရောက်လဲလှယ် ပေးသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့ဆောင် ရွက်ရာတွင် စာဖတ်ပရိတ်သတ်များကြိုက်နှစ်သက်သည့် သုတ/ရသ စာအုပ်များ၊ မဂ္ဂဇင်းစာအုပ်များ၊ ဝတ္ထုစာအုပ်များနှင့် ရုပ်ပြစာအုပ်များအား စာဖတ်ပရိတ် သတ်များထံ လက်ဝယ်အရောက်သွားရောက်ငှားရမ်းပေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့်ဝန်ထမ်းများက ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

နှင်းမြူလွင်   ပလောက်