နမ့်ဆန်မြို့နယ်တွင် ၂၀၂၃ ခုနှစ် မတ်လတွင်ပြုလုပ်မည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျောင်းသား/သူ (၂၁၇)ဦး ဝင်ရောက်ဖြေဆိုမည်

နမ့်ဆန် ဖေဖော်ဝါရီ  ၂၂

၂၀၂၃ ခုနှစ် မတ်လ ၈ ရက်နေ့မှစ၍ မတ်လ ၁၈ ရက်နေ့အထိ တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုကျင်းပသွားမည်ဖြစ်ရာ ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် စာစစ်ဌာန(၁)ခုဖြင့် ဖြေဆိုကျင်းပသွားမည်ဖြစ်ရာ ဖြေဆိုမည့်ကျောင်းသား/သူပေါင်း(၂၁၇)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း နမ့်ဆန်မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

နမ့်ဆန်မြို့နယ် ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်တန်း စာစစ်ဌာနကို အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က-၁) တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ အတွင်းဖြေကျောင်းသား(၃၀)ဦး၊ ကျောင်းသူ(၆၈)ဦးနှင့် ပြင်ပဖြေဆိုသူ ကျောင်းသား(၂၇)ဦး၊ကျောင်းသူ(၉၂)ဦး၊ နမ့်ဆန်မြို့နယ် (အ.ထ.က-၁)စာစစ်ဌာန၌ အတွင်းဖြေဆိုသူပေါင်း(၉၈)ဦး၊ ပြင်ပဖြေဆိုသူပေါင်း (၁၁၉)ဦး၊ စုစုပေါင်းကျောင်းသား/ကျောင်းသူ(၂၁၇) ဦးဝင်ရောက်ဖြေဆိုရန် လျှောက်လွှာ(Form)များ တင်ထားပြီး ဖြစ်ကြောင်းသိရကာ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုရန် လျှောက်ထားသည့် ကျောင်းသား/ကျောင်းသူများကို စာမေးပွဲဖြေဆိုခြင်း ဝင်ခွင့်ကဒ်များကို ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှုးရုံးမှ သိရသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)