နတ်​မောက်မြို့နယ်တွင် နွေစပါးဧက (၁၁၃၆)  လျာထားစိုက်ပျိုးသွားမည်

နတ်မောက် မတ် ၁

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်တွင် နွေစပါး (၁၁၃၆) ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

နတ်မောက်မြို့နယ်တွင် ၂၀၂၂ - ၂၀၂၃ ခုနှစ် နွေစပါးစိုက်ပျိုးရန် လျာထားဧက (၁၁၃၆) ဧက လျာထားခဲ့ပြီး၊ နွေစပါးစိုက်ပျိုးရာတွင် စပါးမျိုးများဖြစ်သည့် မနောသုခ၊ စင်းသုခ၊ ထိုင်းနှံကောက် စပါးမျိုးများကို ကျောက်တံခါးဆည်ရေသောက် (၆၀၀)၊ နတ်မောက်ဆည်ရေသောက် (၃၀၀)ဧက၊ ဆည်ငယ်/ကန်ငယ် (၂၃၆)ဧက စုစုပေါင်း (၁၁၃၆)ဧက စိုက်ပျိုးရန် လျာထားကြောင်း သိရသည်။

အဆိုပါနွေစပါးများကို နတ်မောက်မြို့နယ်တွင် မတ်လမှ စတင်စိုက်ပျိုးပြီး၊ ဇွန်လ နောက်ဆုံးပတ်တွင် ရိတ်သိမ်းမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုထံမှ သိရသည်။

လှဝင်း