သာစည် ဇူလိုင် ၁၉
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ဇူလိုင် ၁၇ ရက်နံနက်က လမင်းစီမံချက်ဖြင့် အ.ထ.ကမယ်ဇလီကန်၌ အသက်(၁၀)နှစ်နှင့်အထက် ကျောင်းသား/သူများအား နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များ နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလွင်မျိုးထွန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင် ဦးစိုးဝင်းအောင်နှင့်ကော်မတီဝင်များ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သင်းသင်းတို့က သွားရောက်ကြည့်ရှုအားပေးရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ သာစည်မြို့နယ် ဦးစီးမှူးရုံးမှဦးစီးအရာရှိ ဦးကျော်စိုးက လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းပြသသည်။ ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့်အဖွဲ့၊ ဦးစီးအရာရှိဦးကျော်စိုး၊ ကျောင်းအုပ်ကြီး ဦးကျော်လွင်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတို့က ကျောင်းသား/ကျောင်းသူ ၁၁၆ ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်များနှင့် UID ကတ်များ လက်ဝယ်အရောက် ထုတ်ပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်း(သာစည်)