သတင်းများ

ပုဗ္ဗသီရိ​မြို့နယ်တွင် အသက်မွေးဝမ်းကျောင်း နည်းပညာပေး သင်တန်းအမှတ်စဉ် (၁/၂၀၂၃) သင်တန်းဆင်းပွဲကျင်းပ
Mar 18,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနနှင့် အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း နည်းပညာပေးသင်တန်း အမှတ်စဉ် (၁/၂၀၂၃) သင်တန်းဆင်းပွဲကို ပုဗ္ဗသီရိ မြို့နယ်၊ နဝဒေးရပ်ကွက်၊ နေပြည်တော် စစ်မှုထမ်းဟောင်းကြီးကြပ်မှု အဖွဲ့ရုံး၌ ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။
သိန္နီမြို့၌ လူငယ်နှင့် စာပေ အသိပညာပေး (Talk Show) ရိုက်ကူးထုတ်လွှင့်
Mar 18,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ စာပေဖတ်ရှုလေ့လာခြင်းနှင့် ပတ်သက်၍ အသိပညာဗဟုသုတများရရှိစေရေးအတွက် ရည်ရွယ်၍ လူငယ်နှင့် စာပေ အသိပညာပေး (Talk Show)ကို မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်း အချိန်က ဆောင်ရွက်ခဲ့သည်။
ကွမ်းလုံမြို့၌ (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များဖြန့်ဝေ
Mar 18,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယမန်နေ့ မွန်းတည့်(၁၂)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများက အခြေခံပညာ အထက်တန်းကျောင်း(ကွမ်းလုံ) စာစစ်ဌာနတွင် သွားရောက်၍ ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ဗိုလ်ချုပ်အောင်ဆန်း လမ်းကွန်ကရစ်လမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး
Mar 18,2023
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့သည် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ဗိုလ်ချုပ်အောင်ဆန်းလမ်း ကွန်ကရစ်လမ်းသစ်အား ယမန်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးမြင့်စိုး ရပ်စောက်မြို့နယ်၊ ကျောက်ဆုံကုန်းကျေးရွာ VDP စီမံကိန်းဖြင့်ဆောင်ရွက်သော လုပ်ငန်းများကွင်းဆင်းစစ်ဆေး
Mar 17,2023
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ ကျောက်ဆုံကုန်းကျေးရွာတွင် VDP စီမံကိန်းဖြင့် ဆောင်ရွက်နေသောလုပ်ငန်းများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မူဆယ်ခရိုင် Community Centre ခန်းမ၌  “အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဖွင့်လှစ်”
Mar 17,2023
အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို ဖွင့်လှစ်ရာတွင် ကျောင်းသူ/သားများ နွေရာသီကျောင်း ပိတ်ရက်တွင် အချိန်ကိုအကျိူးရှိစွာ အသုံးချနိုင်ရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယမန်နေ့ နံနက် ၁၁ နာရီအချိန်က ဖွင့်လှစ်ခဲ့သည်။
ကန့်ဘလူမြို့နယ်တွင် မီးဘေးသင့် အိမ်ထောင်စုများနှင့် သေဆုံး၊ ဒဏ်ရာရသူများအား ထောက်ပံ့ငွေများ ပေးအပ်
Mar 17,2023
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တွင် မီးဘေးသင့်အိမ်ထောင်စုများနှင့် သေဆုံး၊ ဒဏ်ရာရသူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သော ထောက်ပံငွေ၊ ဆန်၊ ဆီတို့ကို မတ် ၁၇ ရက်မွန်းလွဲ ၁ နာရီက ခရိုင်စုပေါင်းရုံး ရွှေဆည်မြိုင်ခန်းမ၌ ထောက်ပံ့ပေးအပ်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ညောင်တုန်းမြို့နယ်တွင် မှတ်ပုံတင်ထားခြင်းမရှိသည့် ဆေးဝါးများ ရောင်းချခြင်းမရှိစေရေး ကွင်းဆင်းစစ်ဆေး
Mar 17,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် ဆေးဝါးမှတ်ပုံတင် ထားခြင်းမရှိ သည့် ဆေးဝါးများ ရောင်းချခြင်းမရှိ စေရေး စစ်ဆေးခြင်းကို ယနေ့ နံနက်ပိုင်းက ကွင်းဆင်း‌ဆောင်ရွက်ခဲ့သည်။