ညောင်တုန်း မတ် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် ဆေးဝါးမှတ်ပုံတင် ထားခြင်းမရှိ သည့် ဆေးဝါးများ ရောင်းချခြင်းမရှိစေရေး စစ်ဆေးခြင်းကို ယနေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ တိုင်းရင်း ဆေးပညာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် ဆေးဝါး မှတ်ပုံတင်ထားခြင်းမရှိသည့် ဆေးဝါးများ ရောင်းချခြင်းမရှိစေရေး၊ အိမ်သုံးဆေးဝါး တိုင်းရင်းဆေးများတွင် ထုတ်လုပ် ရက်စွဲ၊ ကုန်ဆုံးရက်စွဲ၊ မှတ်ပုံတင်အမှတ်၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရ သည်။
ထက်ဝေဖြိုး(ပြန်/ဆက်)