ရပ်စောက် မတ်၁၇
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ ကျောက်ဆုံကုန်းကျေးရွာတွင် VDP စီမံကိန်းဖြင့် ဆောင်ရွက်နေသောလုပ်ငန်းများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ပြည်ထောင်စု ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း ကော်မတီဝင်များ၊ ကျေးရွာမှ ရပ်မိရပ်ဖများနှင့်အတူ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ပံ့ပိုးငွေ ကျပ် (၁၀၀)သိန်း၊ ပြည်သူလူထု ထည့်ဝင်ငွေကျပ်(၃၅)သိန်းဖြင့် အလည်ချောင်ကျေးရွာအုပ်စု၊ ကျောက်ဆုံကုန်းကျေးရွာ၌ အလျား (၅၀)ပေ၊ အနံ (၂၀)ပေ၊ အမြင့်(၁၂)ပေရှိ ကျေးရွာတွင်း ဘက်စုံသုံးအဆောက်အဦ တည်ဆောက်ပြီးစီးမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စု ဒုတိယဝန်ကြီးသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ ကျေးရွာသူ၊ ကျေးရွာသားများနှင့်တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များ၊ အခက်အခဲများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆုမွန်(ရပ်စောက်)