မူဆယ် မတ် ၁၇
အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို ဖွင့်လှစ်ရာတွင် ကျောင်းသူ/သားများ နွေရာသီကျောင်း ပိတ်ရက်တွင် အချိန်ကိုအကျိူးရှိစွာ အသုံးချနိုင်ရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယမန်နေ့ နံနက် ၁၁ နာရီအချိန်က ဖွင့်လှစ်ခဲ့သည်။
အဆိုပါ သင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအယ်လ်စိုးထန်တူးက ကျောင်းသူ/သားများ အသိပညာဗဟုသုတ မြင့်မားစေရန်၊ ညဏ်ရည်ညဏ်သွေး ထက်မြက်လာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် ၊သင်တန်းကိုလည်း (၁၆.၃.၂၀၂၃) ရက်နေ့မှ (၂၃.၃.၂၀၂၃)ရက်နေ့အထိ တနင်္ဂနွေနေ့တစ်ရက်ပိတ်မှာဖြစ်ပြီး တစ်ပတ်တိတိ ဖွင့်လှစ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်ပြီး ပန်းချီသင်တန်းဆရာကိုရာဇာက သင်တန်းတက်ရောက်လာသော ကျောင်းသူ/သားများကို အခြေခံပန်းချီရေးဆွဲနည်းကို ဆက်လက်သင်ကြားပေးကာ ယင်သင်တန်းကို ကျောင်းသား/သူ (၃၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)