တောင်ကုတ် မတ် ၂၃
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့၌ ၂၀၂၃ ခုနှစ်၊ အခြေခံပညာအထက်တန်း၊ အလယ်တန်းအဆင့် ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းအား အမှတ်(၁)နှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းများတွင် ဒုတိယနေ့အဖြစ် ဆက်လက်ပို့ချလျက်ရှိကြောင်း သိရသည်။
ထိုသို့ဖွင့်လှစ်ရာတွင် အခြေခံပညာအထက်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းအား အမှတ်(၂)အခြေခံပညာ အထက်တန်း ကျောင်းတွင်လည်းကောင်း၊ အခြေခံပညာအလယ်တန်းအဆင့် စွမ်းရည်မြှင့်သင်တန်းကို အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်းတွင်လည်းကောင်း သင်ကြားပို့ချလျက်ရှိရာ အခြေခံပညာအလယ်တန်းအဆင့်တွင် ဆရာ၊ ဆရာမ(၈၉၀)ဦး၊ အထက်တန်း အဆင့်တွင် ဆရာ၊ ဆရာမ (၂၅၆)ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ မတ်လ(၂၁)ရက်နေ့မှ (၂၄)ရက်နေ့ထိ (၄)ရက် ဖွင့်လှစ်မည်ဖြစ်ကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)