ရမ်းဗြဲမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောင်များ(အခမဲ့)ငှားရမ်းပေး

ရမ်းဗြဲ မေ  ၁၁

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများက  ယမန်နေ့ နံနက် (၁၁) နာရီအချိန်က  Mobile Library   ဖြင့်   မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန များသို့သွားရောက်၍  စာအုပ်၊ စာစောင်များအား (အခမဲ့) ငှားရမ်းပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုံးဝန်ထမ်းများက စာကြည့်တိုက်သို့  မလာရောက်နိုင်သည့် ဝန်ထမ်းများနှင့် စာဖတ်ပရိတ်သတ်များအား စာအုပ်စာပေများကို လေ့လာဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးကို ရည်ရွယ်၍  Mobile Library   ဖြင့် သုတ၊ ရသ၊ မဂ္ဂဇင်း၊ ဝတ္တု၊ ရုပ်ပြ၊ ဂျာနယ်စာစောင် (၁၂၀) တို့အား (အခမဲ့) ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)