ဂွ မေ ၁၁
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များအား စတုတ္ထအကြိမ် ထိုးနှံပြီးစီး၍ ခြောက်လပြည့်သူများကို မေလ(၈)ရက်နေ့ နံနက်ပိုင်းမှ စတင်ကကာ စုရပ်(၃)ခု၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအပိုဆောင်း ပဉ္စမအကြိမ် ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ကိုဗစ်-၁၉ ကာကွယ်ဆေးများထိုးနှံခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် နိုင်ငံ့ဝန်ထမ်းများနှင့်ပြည်သူများကို စတုတ္ထအကြိမ်ထိုးနှံပြီးစီးသည့် နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုဝင်များအား ပဉ္စမအကြိမ်အဖြစ် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာခြင်းစသည့် ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးပြီးမှ ကာကွယ်ဆေးများအား ထိုးနှံပေးခဲ့သည်။
အဆိုပါကာကွယ်ဆေးထိုးနှံခြင်းကို မေလ ၈ ရက်နေ့တွင် ကိုဗစ်ကာကွယ်ဆေးလာရောက်ထိုးနှံသူ (၂၀) ဦးနှင့် မေလ ၉ ရက်နေ့တွင် ကိုဗစ်ကာကွယ်ဆေးလာရောက်ထိုးနှံသူ (၃၄)ဦးဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ရွှေရည်ဝင်းကျော်