သတင်းများ

မြစ်သားမြို့နယ်တွင် မိုးကြိုဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jul 14,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင်   ၂၀၂၅ -၂၀၂၆ ခုနှစ်၊ မိုးကြိုဝါ စိုက်ပျိုးခြင်းဖြင့် အသေးစား၊ အလတ်စားယက်ကန်းလုပ်ငန်းများ တွင် ကုန်ကြမ်းရရှိရေးနှင့် အထွက်နှုန်းကောင်းမွန်ပြီး ဝင်ငွေတိုးပွားစေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး အသင်းစုချုပ်နှင့် မြို့နယ်သမဝါယမအသင်းစုပိုင်ငွေဖြင့် စိုက်ပျိုးထားသည့် လွန်ကျော်စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်း အသင်းသားတောင်သူ ဦးသိန်းဝင်း၏ စိုက်ခင်းနှင့်ပေတောစိုက်ပျိုးရေးနှင့်အ ထွေထွေလုပ်ငန်းသမဝါယမအသင်း အသင်းသား တောင်သူ ဦးစိန်လွင်၊ အသင်းသားတောင်သူ ဦးလှထွန်းတို့၏ Rakka 999 ခါးဇက်မျိုး မိုးကြိုဝါစိုက်ခင်းများကို ယမန်နေ့နံနက်ပိုင်းအချိန်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
 မြစ်သားမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ နယ်လှည့်ကွင်းဆင်း ကျန်းမာရေးကုသဆောင်ရွက်
Jul 14,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ရှမ်းပွဲရပ်ကွက်အတွင်းရှိ ပြည်သူများကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဘုန်းမြတ်ကိုနှင့် ကျန်းမာရေးဝန်ထမ်းများက ဦးဆောင်ကာ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကျန်းမာရေးဆရာမများနှင့် သားဖွားဆရာမများက (အခမဲ့)နယ်လှည့်ကွင်းဆင်း ကျန်းမာရေးကုသဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းအချိန်က ကုသပေးခဲ့ကြောင်း သိရသည်။
ကျောင်းနှင့်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနေ့အထိမ်းအမှတ်အဖြစ် မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အ-ထ-က(၁၇)တွင် သစ်ပင်များစိုက်ပျိုး
Jul 14,2025
၂၀၂၅/၂၀၂၆ ပညာသင်နှစ်၊ ကျောင်းနှင့်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနေ့အထိမ်းအမှတ်အဖြစ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက် (၈)နာရီက မန္တလေး၊အောင်မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ်၊ အမှတ် (၁၇)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
သာယာဝတီမြို့နယ်၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးမျိုးဆွေ၀င်းနှင့်အဖွဲ့ လက်ဆွဲ/စက်စိုက် ကောက်စိုက်စက်များဖြင့် စိုက်ပျိုးပြသခြင်းအခမ်းအနားအား ကြည့်ရှုအားပေး
Jul 14,2025
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးမျိုးဆွေ၀င်းနှင့်အဖွဲ့သည် သာယာ၀တီခရိုင်၊ သာယာ၀တီမြို့နယ်၊ ကျွန်းကုန်းအုပ်စု၊ ကျွန်းကုန်းကျေးရွာ ရန်ကုန်-ပြည် ကားလမ်းမိုင်တိုင်အမှတ် (၈၅/၃)နှင့်(၈၅/၅)ကြားရှိ ဧက (၁၀)ရှိ ဦးပိုင်အမှတ်-၆၁၊ ကွင်းအမှတ်(၁၂၀၀) ဦးအေးကြိုင်၏လယ်မြေသို့ရောက်ရှိပြီး စိုက်ပျိုး​​ရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ လက်ဆွဲကောက်စိုက်စက်များဖြင့် စိုက်ပျိုးပြသခြင်းအခမ်းအနားကို ဇူလိုင် ၁၂ ရက်နေ့ နံနက် ၁၁ နာရီက ကြည့်ရှုအားပေးခဲ့သည်။
မိုင်းကိုင်မြို့နယ်၊ သမဝါယမအသင်းစုလီမိတက်၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်အဖွဲ့သစ်ရွေးချယ်ပွဲ ကျင်းပ
Jul 14,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ် သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်၊ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်သမဝါယမဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်သမဝါယမဦးစီးဌာန ပြည်နယ်မှူး၊ သမဝါယမအသင်းစုချုပ် ဒုတိယဥက္ကဋ္ဌ၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစု၏ အမှုဆောင်ဒါရိုက်တာအဖွဲ့ဝင်များနှင့် အသင်းသားအသင်းသူများ တက်ရောက်ခဲ့ကြသည်။
ညောင်ဦးမြို့ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ယာယီရေဘေးရှောင်စခန်းများသို့‌ ပြောင်းရွှေ့နိုင်ရေး တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု
Jul 14,2025
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေဝင်ရောက်ခြင်းကြောင့် ရေဘေးရှောင်စခန်းများသို့ ပြောင်းရွေ့နိုင်ရေးနှင့်ပြောင်းရွှေ့နေထိုင်ကြသူများ အဆင်ပြေချောမွေ့စေရေး ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
မင်းဘူး(စကု)မြို့နယ် မြေနိမ့်ပိုင်းရပ်ကွက်နှင့် ကျေးရွာများတွင် ဧရာဝတီမြစ်ရေများ စတင်ဝင်ရောက်
Jul 14,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်တွင် မိုးများ အဆက်မပြတ်ရွာသွန်းနေသဖြင့် ဧရာဝတီမြစ်ရေများ တဖြည်းဖြည်းမြင့်တက်လျက်ရှိပြီး မြေနိမ့်ပိုင်းရပ်ကွက်များနှင့် ကျေးရွာများတွင် မြစ်ရေများစတင် ဝင်ရောက်လျက်ရှိကြောင်း မင်းဘူးခရိုင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။
‌လယ်ဝေးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချောင်းရေတိုက်စားမှုများအား ကွင်းဆင်းကြည့်ရှု
Jul 14,2025
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် လယ်ဝေးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချောင်းရေတိုက်စားမှုဖြစ်ပွားခဲ့သည့် ကျေးရွာများအား ယနေ့မွန်းလွဲပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့သည်။