မိုင်းကိုင်မြို့နယ်၊ သမဝါယမအသင်းစုလီမိတက်၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်အဖွဲ့သစ်ရွေးချယ်ပွဲ ကျင်းပ

မိုင်းကိုင် ဇူလိုင် ၁၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ် သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်၊ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်သမဝါယမဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်သမဝါယမဦးစီးဌာန ပြည်နယ်မှူး၊ သမဝါယမအသင်းစုချုပ် ဒုတိယဥက္ကဋ္ဌ၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစု၏ အမှုဆောင်ဒါရိုက်တာအဖွဲ့ဝင်များနှင့် အသင်းသားအသင်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ရှမ်းပြည်နယ်သမဝါယမဦးစီးဌာန ပြည်နယ်မှူး ဦးကျော်မိုးတင့်၊ သမဝါယမအသင်းစုချုပ် ဒုတိယဥက္ကဋ္ဌ၊ ဦးဖေသိန်းတို့က အဖွင့်အမှာစကားပြောကြားပြီးနောက် မြို့နယ်သမဝါယမအသင်းစု၏ ဒါရိုက်တာအဖွဲ့ဝင်များက ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်အတွက် အမှုဆောင်ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာနှင့်ရှေ့လုပ်ငန်းစဉ်များ၊ ဘဏ္ဍာရေးရှင်းတမ်းနှင့် အမြတ်ခွဲဝေမှုစာရင်း၊ စာရင်းစစ်အစီရင်ခံစာတို့ကို ဖတ်ကြားတင်ပြရကာ အသင်းသားများ၏ အတည်ပြုချက်များကို ရယူခဲ့ကြသည်။

ထို့နောက် အစည်းအဝေးဒုတိယပိုင်းတွင် မြို့နယ်သမအသင်းစု၏ အမှုဆောင်တာရိုက်တာအဖွဲ့သစ်ရွေးချယ်ပွဲကိုကျင်းပရာ ပြည်နယ်အဆင့်ဖွဲ့စည်းရေးကော်မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်သမဝါယမဦးစီးဌာန၊ ပြည်နယ်မှူး ဦးကျော်မိုးတင့်က သဘာပဓိအဖြစ်ဆောင်ရွက်ခဲ့ပြီး အမှုဆောင်ဒါရိုက်တာ (၇)ဦးအား သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ရွေးချယ်တင်မြှောက်ပြီး တာဝန်များကိုခွဲဝေသတ်မှတ်ကာ အမှုဆောင်ဒါရိုက်တာအဖွဲ့ဝင်များနှင့် အသင်းသားစာရင်းစစ်များက ကတိသစ္စာခံယူခဲ့ကြကြောင်း သိရသည်။

ချော(မိုင်းကိုင်)