သာယာဝတီ ဇူလိုင် ၁၄
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးမျိုးဆွေ၀င်းနှင့်အဖွဲ့သည် သာယာ၀တီခရိုင်၊ သာယာ၀တီမြို့နယ်၊ ကျွန်းကုန်းအုပ်စု၊ ကျွန်းကုန်းကျေးရွာ ရန်ကုန်-ပြည် ကားလမ်းမိုင်တိုင်အမှတ် (၈၅/၃)နှင့်(၈၅/၅)ကြားရှိ ဧက (၁၀)ရှိ ဦးပိုင်အမှတ်-၆၁၊ ကွင်းအမှတ်(၁၂၀၀) ဦးအေးကြိုင်၏လယ်မြေသို့ရောက်ရှိပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ လက်ဆွဲကောက်စိုက်စက်များဖြင့် စိုက်ပျိုးပြသခြင်းအခမ်းအနားကို ဇူလိုင် ၁၂ ရက်နေ့ နံနက် ၁၁ နာရီက ကြည့်ရှုအားပေးခဲ့သည်။
၀န်ကြီးချုပ် ဦးမျိုးဆွေ၀င်းနှင့်အဖွဲ့သည် ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ တိုင်းဒေသကြီးအတွင်း ပန်းတိုင်အထွက်နှုန်း ထပ်မံရရှိနိုင်သည့် မိုးစပါးစိုက်ဧကအားလုံး စိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိသည့် စပါးမျိုးကောင်းမျိုးသန့်များကို စိုက်ပျိုးခြင်း၏အကျိုးကျေးဇူးကို ယခုအခါသိမြင်နေရပြီဖြစ်၍ တောင်သူများအနေဖြင့် မိရိုးဖလာစိုက်ပျိုးနည်းစနစ်မှ တိုးတက်ပြောင်းလဲနိုင်သော စိုက်ပျိုးနည်းစနစ်သို့ မဖြစ်မနေပြောင်းလဲစိုက်ပျိုးသွားရန်နှင့် စပါးစိုက်တောင်သူများထံသို့ အထွက်နှုန်းကောင်း စပါးမျိုးကောင်းမျိုးသန့်များ လွှမ်းခြုံရရှိနိုင်ရေး ဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)