ညောင်ဦး ဇူလိုင် ၁၄
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေဝင်ရောက်ခြင်းကြောင့် ရေဘေးရှောင်စခန်းများသို့ ပြောင်းရွေ့နိုင်ရေးနှင့်ပြောင်းရွှေ့နေထိုင်ကြသူများ အဆင်ပြေချောမွေ့စေရေး ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ်တွင် ဧရာဝတီမြစ် စိုးရိမ်ရေမှတ်သို့ရောက်ရှိရန်တဖြည်းဖြည်း နီးကပ်လာနေပြီဖြစ်ရာ မြစ်ကမ်းဘေးနေအိမ်များနှင့် မြေနိမ့်ပိုင်းရပ်ကွက်များတွင် မြစ်ရေဝင်ရောက်မည့် မြေနိမ့်ပိုင်းရပ်ကွက်များသို့ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးခင်မောင်ခနှင့်တာဝန်ရှိသူများမှ ယာယီရေဘေးရှောင်စခန်းများ ဖွင့်လှစ်ပေးထားလျက်ရှိကြောင်း၊ အဆိုပါ ယာယီရေးဘေးရှောင်စခန်းများ ဖွင့်လှစ်ထားရှိသည့် အမှတ်(၁)ရုံးညောင်ပင်ရပ်၊ အမှတ်(၂)ရပ်၊ ယွန်းတန်းဓမ္မာရုံ၊ အမှတ်(၄)ရပ်ကွက်၊ ဆင်ဆယ်မေဓမ္မာရုံတို့တွင် ယာယီရေဘေးရှောင် စခန်းဖွင့်လှစ်ထားရှိမှုနှင့် ရေဘေးကြောင့် ယာယီပြောင်းရွှေ့ကြမည့် မြေနိမ့်ပိုင်းရပ်ကွက်များရှိ ရေဘေးရှောင်ပြည်သူများ အဆင်ပြေချောမွေ့စေရေးတို့အတွက် လိုက်လံကြည့်ရှုစစ်ဆေးခြင်းနှင့် ရေဝင်ရောက်သည့် မြေနိမ့်ပိုင်းရပ်ကွက်များအား ကြည့်ရှုစစ်ဆေးခဲ့ပြီး သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက အချိန်နှင့်တစ်ပြေးညီဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိသည့် ညောင်ဦးမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဝန်းထမ်းများက ကူညီပြောင်းရွှေ့နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဒီပါလင်း