မြစ်သား ဇူလိုင် ၁၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ရှမ်းပွဲရပ်ကွက်အတွင်းရှိ ပြည်သူများကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဘုန်းမြတ်ကိုနှင့် ကျန်းမာရေးဝန်ထမ်းများက ဦးဆောင်ကာ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကျန်းမာရေးဆရာမများနှင့် သားဖွားဆရာမများက (အခမဲ့)နယ်လှည့်ကွင်းဆင်း ကျန်းမာရေးကုသဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းအချိန်က ကုသပေးခဲ့ကြောင်း သိရသည်။
ထိုသို့ နယ်လှည့်ကွင်းဆင်းကျန်းမာရေးကုသဆောင်ရွက်ရာတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဘုန်းမြတ်ကိုနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ပြီးလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။ ဆက်လက်၍ ကျန်းမာရေးဆရာမများနှင့်သားဖွား ဆရာမများက ရှမ်းပွဲရပ်ကွက်အတွင်းရှိ အထွေထွေရောဂါလူနာများ၊ ကိုယ်ဝန်ဆောင်နှင့်သားဖွားမီးယပ် လူနာများ၊ အရိုးအကြောနှင့်ပတ်သက်သည့်လူနာများ စုစုပေါင်း လူနာ (၁၂၀)ဦးကို ကျန်းမာရေးကုသ ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဝါဝါမြင့် (မြစ်သား)