ဖြူးမြို့နယ်ရှိ အခြေခံပညာမူလတန်းလွန်ကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြော
Jul 15,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ဖြူးမြို့နယ်၊ ညောင်ကားယားကျေးရွာနှင့် ခင်ဝိုင်းကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများရရှိစေရေး၊ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများရရှိစေရေးအတွက်ရည်ရွယ်၍ ဇူလိုင်လ ၁၄ ရက်နေ့၊ နံနက် ၉ နာရီအချိန်မှ စတင်ကာ ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးဟောပြောခြင်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။