သတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းသား/ သမီးများအား နွေရာသီအင်္ဂလိပ်စာ (ထက်၊ လယ်၊ မူအဆင့်) နှင့် ကွန်ပျူတာ (လယ်၊ ထက်အဆင့်) သင်တန်းဆင်းပွဲသို့ တက်ရောက်ဆုချီးမြှင့်
May 20,2026
ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သည့် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း/ အမှုထမ်း ဝန်ထမ်းသား/ သမီး ကျောင်းသား/ ကျောင်းသူများအား နွေရာသီအင်္ဂလိပ်စာ (ထက်၊ လယ်၊ မူအဆင့်) သင်တန်းနှင့် ကွန်ပျူတာ (လယ်၊ ထက်အဆင့်) သင်တန်းဆင်းပွဲအား ယမန်နေ့နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်ဂုဏ်ပြုဆုချီးမြှင့်သည်။
နတ်တလင်းမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာ ပန်းချီပြိုင်ပွဲကျင်းပ
May 20,2026
ပဲခူးတိုင်း‌ဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာ ပန်းချီပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီက အ.ထ.က (နတ်တလင်း) ကျောင်း၊ မနောဟဒယခန်းမ၌ ကျင်းပသည်။
တာမွေမြို့နယ်၌ မူးယစ်ဆေးဖြတ်သင်တန်းသားများအား ပြည်သူ့ဆက်ဆံရေးဘာသာရပ် ဆွေးနွေးဟောပြောပွဲကျင်းပ
May 20,2026
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ် ကျိုက္ကဆံလမ်းရှိ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ) ဗဟိုရုံးမေတ္တာစံအိမ်ခန်းမ၌ ယမန်နေ့နံနက်ပိုင်းအချိန်က မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ရက် (၁၀၀) စီမံချက်ဖြင့် မူးယစ်ဆေးဖြတ် သင်တန်းသားများအား ပြည်သူ့ဆက်ဆံရေးဘာသာရပ်ကို ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
မရမ်းကုန်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရေး ကွင်းဆင်းဆောင်ရွက်
May 20,2026
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၏ဇနီး တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နှင်းဇာခြည်ဦးနှင့်အဖွဲ့က ဦးဆောင်၍ မရမ်းကုန်းမြို့နယ်အတွင်းရှိ စာသင်ကျောင်းများနှင့် နေအိမ်များတွင် သွေးလွန်တုပ်ကွေးအန္တရာယ်ကင်းရှင်းစေရေး မေလ ၁၈ ရက် နံနက် ၇ နာရီက အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ပျော်ဘွယ်မြို့နယ်၊ မြေနီကုန်းကျေးရွာ၌ မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ
May 20,2026
ပျော်ဘွယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျေးရွာနေပြည်သူများ အသိဉာဏ်ပညာဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ် ၍ စာဖတ်ခြင်း၏အကျိုးကျေးဇူးနှင့် မူးယစ်ဆေးဝါး အန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို မေလ ၁၉ ရက်၊ မွန်းလွဲနာရီခွဲက အဆိုပါ ကျေးရွာ၌ ကျင်းပသည်။
တောင်ငူမြို့နယ်၌ ပိုက်ဆံလျှော်(သစ်စိမ်းမြေသြဇာ) စုပေါင်းကြဲပက်ပွဲကျင်းပ
May 20,2026
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်အတွင်းရှိ စိုက်ပျိုးလယ်ယာမြေများ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးနှင့် စပါးအထွက်နှုန်း ပိုမိုတိုးတက်စေရေးအတွက်ရည်ရွယ်ကာ မိုးစပါးစိုက်ပျိုးမည့်လယ်မြေများတွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ကြဲပက်စိုက်ပျိုးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက တောင်ငူမြို့နယ်၊ ဆင်ဆိပ်ကျေးရွာအုပ်စု၊ ဇီးပင်သာကျေးရွာ၊ ကွင်းအမှတ် (၅၆၁)ရှိ တောင်သူဦးအုန်းကြိုင်၏ လယ်မြေ(၅)ဧကနှင့် ဆက်စပ်လျက်ရှိသည့် ၁၅ ဧကတွင် ကျင်းပသည်။
ရေဦးမြို့တွင် မှုခင်းကျဆင်းရေး အသိပညာပေးဟောပြော
May 20,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးခရိုင်၊ ရေဦးမြို့နယ်ရဲတပ်ဖွဲ့နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက် ၁၀ နာရီက အမှတ်(၁)အ‌ခြေခံပညာအထက်တန်း‌ ကျောင်းပညာ ရတနာခန်းမတွင် ရက် (၁၀၀) စီမံချက်မှုခင်းကျဆင်းရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့ရာ ရပ်ကွက်နေပြည်သူများ၊ ဆရာ/ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်‌ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ တက်ရောက်ခဲ့ကြသည်။
မုဒုံမြို့၌ ဥပဒေအသိပညာပေးဟောပြောပွဲ ပြုလုပ်
May 20,2026
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် ဥပဒေအသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက သင်တန်းကျောင်းရှိခန်းမ၌ ပြုလုပ်ခဲ့သည်။