သတင်းများ

ပုဇွန်တောင်မြို့နယ်၌ ပုဂ္ဂလိကဆေးခန်းများ၊ ဘာသာရပ်သင်ကိုယ်ပိုင်ကျောင်းများ၊ ဟိုတယ်လုပ်ငန်းများ သတ်မှတ်လုပ်ငန်းလိုင်စင် ရှိ/မရှိ ရှောင်တခင်ကွင်းဆင်းစစ်ဆေး
Oct 23,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးအောင်နှင့်အဖွဲ့သည် မြို့နယ်အတွင်းရှိ ပုဂ္ဂလိကဆေးခန်းများ၊ ဘာသာရပ်သင်ကိုယ်ပိုင်ကျောင်းများ၊ ဟိုတယ်လုပ်ငန်းများ သတ်မှတ်လုပ်ငန်းလိုင်စင်ရှိ/မရှိ ယမန်နေ့နေ့လယ်ပိုင်းက ရှောင်တခင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ကန့်ဘလူမြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာ ဌာနဆိုင်ရာဝန်ထမ်းများနှင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်
Oct 23,2025
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာ ဌာနဆိုင်ရာဝန်ထမ်းများနှင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းအမယ်( ၅)မျိုး ပေးအပ်ပွဲကို ယမန်နေ့နံနက် ၈ နာရီက ကန့်ဘလူမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
မြောက်ဥက္ကလာပမြို့နယ်၌ အမှတ်(၄)အခြေခံပညာ‌ အလယ်တန်းကျောင်းတွင် ကျန်းမာရေး အသိပညာပေးဟောပြော
Oct 23,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အမှတ်(၄)အခြေခံပညာ‌အလယ်တန်းကျောင်းတွင် ကျန်းမာရေးအကြောင်း အသိပညာပေးဟောပြောခြင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ ကျောင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြ‌‌သည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ၏(၂/၂၀၂၅)လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်
Oct 23,2025
တနင်္သာရီတိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ၏ (၂/၂၀၂၅)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အုတ်တွင်းမြို့နယ်၌ သမဝါယမကဏ္ဍ အစီအစဥ်ဖြင့်သမဝါယမအသင်းသား တောင်သူများအား ဆောင်းဆီထွက် သီးနှံမြေပဲမျိုးနှင့် သွင်းအားစုများ ပေးအပ်ပွဲအခမ်းအနား
Oct 23,2025
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်း​မြို့နယ် သမဝါယမကဏ္ဍ အစီအစဥ်ဖြင့် သမဝါယမအသင်းသား တောင်သူများအား ဆောင်းဆီထွက်သီးနှံ မြေပဲပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် မြေပဲမျိုးနှင့် သွင်းအားစုများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ် သမဝါယမ အသင်းစုရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
တွံတေးမြို့နယ်၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲနှင့် ဥာဏ်စွမ်းရည်ပြိုင်ပွဲများကျင်းပ
Oct 23,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအဖြစ် ဟောပြောပွဲ၊ လူငယ်ရေးရာအသိပညာပေး ဟော​ပြောပွဲ၊ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲများနှင့် ဂိမ်းကစားပြိုင်ပွဲများကို ယနေ့နံနက် (၁ဝ) နာရီအချိန်က အလယ်ချောင်းကျေးရွာအုပ်စု၊ အလယ်ချောင်းကျေးရွာရှိ အ.ထ.က(အလယ်ချောင်း)၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဖျာပုံမြို့၌စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာ သင်တန်း (Bakery and Snack) သင်တန်းဆင်းပွဲကျင်းပ
Oct 23,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်အသေးစားစက်မှုလက်မှုငန်း ဦးစီးဌာနနှင့်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ အမျိုးသမီးများ ဘဝဖွံ့ဖြိုးတိုးတက် စေရေးနှင့်မိသားစု တစ်ပိုင်တစ်နိုင်ဝင်ငွေတိုးတက်စေရန်၊ ဒေသတွင်း ဆင်းရဲနွမ်းပါးမှု လျော့ချ စေရေးအတွက်ကျေးလက်ဒေသ များဖွံ့ဖြိုးတိုးတက်ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းများ လုပ်ငန်းရှင်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ဖွင့်လှစ်သောစားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း (Bakery and Snack) သင်တန်းဆင်းပွဲကို အောက်တိုဘာလ ၂၂ ရက်နေ့နံနက်(၉)နာရီခွဲအချိန်က ဖျာပုံမြို့အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်း၊ သင်တန်းခန်းမ၌ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြေပြင်လူဦးရေစာရင်း ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ဧရာဝတီတိုင်း​ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်မှ အားပေးကြည့်ရှုစစ်ဆေး
Oct 23,2025
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်ပြည်သူ့အားကစားရုံ၌ မြေပြင်လူဦးရေစာရင်း ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ဧရာဝတီတိုင်း​ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများက ယမန်နေ့နံနက်(၁၀)နာရီအချိန်က အားပေးကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။