သတင်းများ

မိုင်းကိုင်မြို့နယ်၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ
Dec 08,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံနက် ၉နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း မိုင်းကိုင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ပုဗ္ဗသီရိမြို့နယ်၌ (၁ဝ၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနား ကျင်းပ
Dec 08,2023
(၁၀၃) နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် အမှတ်(၂၀) အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပသည်။
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ (၁၀၃)မြောက်အမျိုးသားအောင်ပွဲနေ့အခမ်းအနားကျင်းပ
Dec 08,2023
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ (၁၀၃)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အခမ်းအနားကို ယမန်နေ့နံနက်(၈)နာရီခွဲတွင် အခြေခံပညာအထက်တန်းကျောင်းအမှတ်(၁)အားကစားခန်းမ၌ အခမ်းအနားကျင်းပသည်။
ငါန်းဇွန်မြို့ အမှတ်(၃)အ.မ.က၌ လူငယ်ရေးရာဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ သုတရသစာအုပ်စာစောင်များ ပြသခြင်းဆောင်ရွက်
Dec 08,2023
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့ အမှတ်(၃)အခြေခံပညာမူလတန်းကျောင်း၌ ယမန်နေ့မွန်းလွဲ ၁ နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ ဉာဏ်ပညာဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ သုတရသစာအုပ်စာစောင်များ ခင်းကျင်းပြသခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုးကောင်းမြို့ Community Centre ခန်းမ၌ (၁၀၃)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ
Dec 08,2023
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် Community Centre ခန်းမ၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဒီဇင်ဘာ(၇)ရက် နံနက်(၁၀)နာရီတွင် ကျင်းပသည်။
(၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနား ဆိပ်ဖြူမြို့နယ်၌ ကျင်းပ
Dec 08,2023
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ နံနက် ၇ နာရီက ဆိပ်ဖြူ(အ.ထ.က)ကျောင်း နဝရတ်ခန်းမ၌ ကျင်းပသည်။
အောင်လံမြို့နယ်၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့်အဖွဲ့ ကွင်းဆင်းစစ်ဆေးကြည့်ရှု
Dec 08,2023
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်သို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့်အဖွဲ့သည် စကားတောင်ကိုးကွေးကားလမ်းအနီး ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုအား ဒီဇင်ဘာ၆ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကြည့်ရှုစစ်ဆေးခဲ့သည်။
ပြည်ကြီးတံခွန်မြို့နယ် အ.ထ.က-ခွဲ (၂၅)သို့ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး
Dec 08,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးခရိုင်ရုံးအနေဖြင့် ကျောင်းသား၊ကျောင်းသူများ အားလပ်ချိန်တွင် စာပေဖတ်ရှု့နိုင်ရန်၊ စာပေဖတ်ရှု့ခြင်းဖြင့် အမှား၊အမှန် ဝေဖန်ပိုင်းခြားတတ်စေရန်၊ အသိပညာ ဗဟုသုတနှင့် ပြည့်စုံသော လူကောင်း၊ လူတော်များဖြစ်လာစေရန် ရည်ရွယ်ပြီး ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများ လက်ဝယ်အရောက် စာအုပ်များ လိုက်လံငှားရမ်းပေးခြင်းကို ယမန်နေ့နံနက်ပိုင်းတွင် မြို့နယ်ရုံးဝန်ထမ်းများက ပြည်ကြီးတံခွန်မြို့နယ် အမှတ်(၂၅) အခြေခံပညာအထက်တန်းကျောင်းခွဲသို့ သွားရောက်ငှားရမ်းပေးကြသည်။