သတင်းများ

ပခုက္ကူမြို့၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားအထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ
Dec 08,2023
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားအထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ဒီဇင်ဘာလ၇ရက် နံနက်၉နာရီအချိန်က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။
(၁၀၃)နှစ်မြောက်၊အမျိုးသားအောင်ပွဲနေ့ အခမ်းအနား သာပေါင်းမြို့နယ်တွင် ကျင်းပ
Dec 08,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊သာ‌ ပေါင်းမြို့နယ်တွင် (၁၀၃)နှစ်မြောက်၊အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ယနေ့ (၁၃၈၅) ခုနှစ်၊တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်)ဒီဇင်ဘာလ ၇ ရက်နေ့၊နံနက် ၇ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(သာပေါင်း)ရှိ သော်ကဆောင်ခန်းမ၌ ကျင်းပခဲ့သည်။ အခမ်းအနားတွင် အခြေခံပညာအထက်တန်းကျောင်း(သာပေါင်း) ကျောင်းသား၊ကျောင်းသူများမှ “ဇာတိမာန်” သီချင်းသီဆို၍
တာလေမြို့၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲ ကျင်းပ
Dec 08,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များ မိမိနိုင်ငံ၏ နေ့ထူးနေ့မြတ်များအား အစဉ်အမြဲ အမှတ်ရရှိစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန် ရည်ရွယ်၍ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကို ဒီဇင်ဘာလ ၆ ရက်နေ့ နံနက် ၁၀ နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရွှေပြည်သာမြို့နယ်၌ (၁၀၃)မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကျင်းပ
Dec 08,2023
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီခွဲက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ရွှေပြည်ရတနာခန်းမ၌ ကျင်းပခဲ့သည်။
ဒေါပုံမြို့နယ်တွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကျင်းပ
Dec 08,2023
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
စေတုတ္တရာမြို့နယ်၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်နှင့် မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲဆုရရှိသူများ ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
Dec 08,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ အခြေခံပညာဦးစီးဌာနမှ ကျင်းပသော (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်နှင့် အခြေခံပညာကျောင်းများမှ မြို့နယ်အဆင့် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲ ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများ ဆုချီးမြှင့်မှုအခမ်းအနားကို အမှတ်(၁) အလယ်တန်းကျောင်းခွဲ‌ ခန်းမတွင် ယမန်နေ့နံနက်(၉)နာရီက ကျင်းပပြုလုပ်သည်။
ချောင်းသာမြို့၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Dec 08,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ၂၀၂၃ ခုနှစ်၊ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ထုတ်အဖြစ် ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များကို ချောင်းသာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယမန်နေမွန်းလွဲ(၂)နာရီက အခမဲ့လိုက်လံဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ဒလမြို့နယ်တွင် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနား ကျင်းပ
Dec 08,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းယုဇနခန်းမ၌ ကျင်းပခဲ့သည်။