အောင်လံမြို့နယ်၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့်အဖွဲ့ ကွင်းဆင်းစစ်ဆေးကြည့်ရှု

အောင်လံ ဒီဇင်ဘာ ၈

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်သို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့်အဖွဲ့သည် စကားတောင်ကိုးကွေးကားလမ်းအနီး ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုအား ဒီဇင်ဘာ၆ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါ လုပ်ငန်းအား အောင်လံမြို့နယ် ရေအရင်းမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ငွေလုံငွေရင်းရန်ပုံငွေဖြင့် Champion Crown Co;Ltd မှ တာဝန်ယူဆောင်ရွက်ခဲ့သော အောင်လံမြို့နယ် စကားတောင်ကိုးကွေ့ ကားလမ်းအနီး ကမ်းပြိုကာကွယ်ရေးလုပ်ငန်းဖြစ်သည့် ဧရာဝတီမြစ်ရေတက်ပြီး မြစ်ရေပြန်လည်ကျဆင်းချိန်နှင့် မိုးများချိန် မိုးအဆက်မပြတ် ရွာသွန်းစီးဆင်းတိုက်စားမှုတို့ကြောင့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ပင်မ Structure ရှေ့ကျောက်ဖြည့်မျောကရစ်ကွက် (Apron) ပျက်စီးမှုအခြေအနေတို့အား တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးမှ ကြည့်ရှုစစ်ဆေးပြီး တာဝန်ခံကုမ္ပဏီနှင့်ဆက်သွယ်၍ အမြန်ပြုပြင်ဆောင်ရွက်နိုင်ရန်နှင့် လိုအပ်သည်များကို ထပ်ဆင့်လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

အောင်လံ(ပြန်/ဆက်)