သတင်းများ

ဒေးဒရဲမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ဌာနဆိုင်ရာရုံးများအရောက် မိုဘိုင်းစနစ်ဖြင့် စာအုပ်များငှားရမ်းပေး
Dec 08,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူများ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိရေး၊ စာပေမှရရှိသည့် ဗဟုသုတများ တိုးပွားစေရေး၊ အလုပ်တာဝန်များကြောင့် စာကြည့်တိုက်သို့ စာအုပ်စာစောင်များ လာရောက်မငှားရမ်းနိုင်သော ဝန်ထမ်းများအား ဌာနဆိုင်ရာရုံးများအရောက် မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက်(၁၀)နာရီက မီးသတ်ဦးစီးဌာနရုံးသို့ သွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
မိုင်းစံမြို့တွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းခြင်းလုပ်ငန်း ဆောင်ရွက်
Dec 08,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၁၀) နာရီက အခြေခံပညာအထက်တန်းကျောင်း၌  ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
(၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် မြို့ပတ်တာဝေး စက်ဘီးစီးပြိုင်ပွဲကျင်းပ
Dec 08,2023
၂၀၂၃ ခုနှစ်၊ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် မြို့ပတ်တာဝေး စက်ဘီးစီးပြိုင်ပွဲကို ယမန်နေ့နံနက် ၆ နာရီခန့်က ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ သီရိကွင်းရှေ့၌ ကျင်းပရာ ဘားအံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများ၊ အခြေခံပညာကျောင်းများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံများမှ ကျောင်းသား၊ကျောင်းသူများ၊ စက်ဘီးစီး အားကစားဝါသနာရှင်များက ပြိုင်ဘီးစီးပြိုင်ပွဲတွင် ၁၁၅ ဦး၊ ရိုးရိုးဘီးစီးပြိုင်ပွဲတွင် ၃၂ ဦး စုစုပေါင်း ၁၄၇ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။
ဒေးဒရဲမြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲ တတိယနေ့အဖြစ် ကိုယ်ကာယကြံ့ခိုင်ရေး စစ်ဆေးခြင်းများ ကျင်းပပေးလျက်ရှိ
Dec 08,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အခြေခံပညာဦးစီးဌာနက ကြီးမှူး၍ မြို့နယ်အတွင်းမှ ထူးချွန်ထက်မြက်သော ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ (၂၀၂၃-၂၀၂၄) ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲ (တတိယနေ့)အဖြစ် ကိုယ်ကာယကြံ့ခိုင်ရေးနှင့် ယုံကြည်မှုစစ်ဆေးခြင်းများကို ယနေ့နံနက်ပိုင်းက စတင်၍ မြို့မဘောလုံးကွင်းနှင့် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းရှိ ကရဝိက်ခန်းမတို့တွင် ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
ကွန်ပျူတာတက္ကသိုလ်(ပင်လုံ)တွင် မောင်မယ်သစ်လွင်ကြိုဆိုခြင်းနှင့် ဘာသာရပ်မိတ်ဆက်ရှင်းလင်း
Dec 08,2023
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ကွန်ပျူတာတက္ကသိုလ်(ပင်လုံ)တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ပထမနှစ် ကျောင်းသူ/သားများအား မောင်မယ်သစ်လွင်ကြိုဆိုခြင်းနှင့် ဘာသာရပ်မိတ်ဆက်ရှင်းလင်းခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်၌ ပြုလုပ်ပါသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်း မင်းဘူး(စကု)မြို့နယ် ကျောက်စံလျှပ်စစ်ရေတင်လုပ်ငန်း၌ ဆိုလာဓါတ်အားပေးစနစ် တွဲဖက်တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး
Dec 08,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေမှ ခွင့်ပြုငွေဖြင့် ကျောက်စံလျှပ်စစ်ရေတင်လုပ်ငန်း၌ ဆောင်ရွက်လျက်ရှိသော  နေရောင်ခြည်စွမ်းအင်သုံး ဆိုလာဓါတ်အားပေးစနစ် တွဲဖက်တပ်ဆင်ခြင်းလုပ်ငန်း ဆောက်ရွက်နေမှု၊ တည်ဆောက်ပြီးစီးမှုနှင့် လုပ်ငန်းများ စတင်စမ်းသပ်လည်ပတ်နေမှု အခြေအနေများကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်းနှင့် တာဝန်ရှိသူများက ဒီဇင်ဘာ ၆ရက်နေ့ နံနက် ၈ နာရီခွဲအချိန်က သွားရောက်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အိမ်မဲမြို့နယ်တွင် သက်ငယ်မုဒိန်းမှု လျော့နည်းပပျောက်စေရေး အသိပညာပေးဟောပြော
Dec 08,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထက်ပိုင်းရပ်ကွက်ရှိ မြို့မမူလတန်းကြိုကျောင်းတွင် လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှု အသိပညာပေးသင်တန်းတွင် မြောင်းမြခရိုင် လူမှုဝန်ထမ်းရုံးမှ သက်ငယ်မုဒိန်းမှု လျော့နည်းပပျောက်စေရေး အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့နံနက်(၉)နာရီအချိန်တွင် ဆောင်ရွက်ခဲ့သည်။
ဒေးဒရဲမြို့နယ် ချောင်းဖျားကျေးရွာ၌ ပြည်သူများ အသိပညာ ဗဟုသုတတိုးပွားစေရေး  နယ်လှည့်ဟောပြောပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်များ ပြသ
Dec 08,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ကျေးလက်နေပြည်သူများ  အသိပညာဗဟုသုတများ တိုးပွားစေရန်နှင့် စာဖတ်ရှိန် မြှင့်တင်နိုင်ရေး ရည်ရွယ်၍  နယ်လှည့်အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များ ပြသခြင်းများကို ယနေ့နံနက် (၁၁)နာရီက ချောင်းဖျားကျေးရွာ ဘုန်တော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာနေ ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။