သတင်းများ

လူရည်ချွန်ရွေးချယ်ရေး ကိုယ်ကာယကြံ့ခိုင်ရေး စွမ်းရည်စစ်ဆေးခြင်းဆောင်ရွက်
Dec 08,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့်လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများရွေး ချယ်ရေးဆိုင်ရာလုပ်ငန်း များကို ဒီဇင်ဘာ ၅ ရက်မှစတင်၍ ဆောင်ရွက်လျက်ရှိရာ ကိုယ်ကာယကြံ့ခိုင်ရေး စွမ်းရည်စစ်ဆေးခြင်းကို ယနေ့ နံနက် ၈ နာရီက မြို့နယ်အားကစားကွင်းအတွင်း ဆောင်ရွက်ခဲ့သည်။
ပင်းတယမြို့နယ်၌ လူငယ်အသိပညာပေးဟောပြောပွဲနှင့်နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများ ဆောင်ရွက်
Dec 08,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန်အတွက် လူငယ်အသိပညာပေးဟောပြောပွဲနှင့်နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ငှက်ပျောတောရပ်ကွက်အတွင်းရှိ အမှတ်(၃) အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ငွေဆောင်မြို့၊ အမှတ်(၂၀၁) အခြေခံပညာ မူလတန်းကျောင်းတွင် စာအုပ်ပြပွဲနှင့် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ နံရံကပ်စာစောင်များပြသ
Dec 08,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အမှတ်(၂၀၁)၊ အခြေခံပညာမူလတန်းကျောင်း၊ အ.မ.က(ငွေဆောင်)တွင် ယနေ့နံနက်( ၁၀း၀၀) နာရီက စာအုပ်ပြပွဲနှင့် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ နံရံကပ် စာစောင်များ ပြသခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။
နမ့်စန်တွင် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲ ကိုယ်ကာယကြံ့ခိုင်ရေးနှင့် ယုံကြည်မှုစစ်ဆေးခြင်း ဆောင်ရွက်
Dec 08,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများ ရွေးချယ်ရေးဆိုင်ရာလုပ်ငန်းများကို ဒီဇင်ဘာ ၅ ရက်မှ စတင်၍ ဆောင်ရွက်လျက်ရှိရာ ကိုယ်ကာယကြံ့ခိုင်ရေးနှင့် ယုံကြည်မှုစစ်ဆေးခြင်းကို ယနေ့နံနက် ၈ နာရီက အမှတ်(၂)ရပ်ကွက်ရှိ အ.ထ.က(နမ့်စန်) ဘောလုံးကွင်းအတွင်း ဆောင်ရွက်ခဲ့သည်။
နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ
Dec 08,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက် (၉) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌  ကျင်းပခဲ့သည်။
ဓနုဖြူမြို့တွင် အမှတ်(၄)နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲ ကျောပိုးအိတ်တပ်စု(အဖွဲ့ငယ်)မှ ဒေသခံပြည်သူများအား ဖျော်ဖြေပွဲကျင်းပ
Dec 08,2023
ဧရာဝတီတိုင်း‌ဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့ အမှတ်(၁၀၈)ခြေမြန်တပ်ရင်း တန်းစီကွင်းတွင် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၊ အမှတ်(၄)နယ်လှည့် ပြည်သူ့ဆက်ဆံရေးတပ်ခွဲ ကျောပိုးအိတ်တပ်စု(အဖွဲ့ငယ်)မှ ဒေသခံပြည်သူများအားဖျော်ဖြေပွဲကို ယမန်နေ့ည (၇) နာရီက ကျင်းပပြုလုပ်သည်။
ကျောက်တလုံးကြီးမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်
Dec 08,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်း(၂)စီမံချက်ဖြင့် အသက်(၁၀)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယနေ့နံနက် ၉ နာရီမှစတင်၍ မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
စစ်ကိုင်းမြို့တွင် စိမ်းလန်းစိုပြည်သောကျောင်း အခြေခံစံနှုန်းနှင့် အညွှန်းကိန်းများ ကိုက်ညီမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Dec 08,2023
စစ်ကိုင်းခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကြီးမှူး၍ သက်ဆိုင်ရာဌာန ကိုယ်စားလှယ်အဖွဲ့များနှင့်အတူ စိမ်းလန်းစိုပြည်သောကျောင်း အခြေခံစံနှုန်းနှင့် အညွှန်းကိန်းများဖြင့် ကိုက်ညီမှု ရှိ/ မရှိ အဖွဲ့ဝင်ကိုယ်စားလှယ်များနှင့်အတူ မြေပြင်ကွင်းဆင်း စစ်ဆေးခြင်းကို ဒီဇင်ဘာ(၈)ရက်၊ နံနက် (၁၀)နာရီက ပါရမီရပ် အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။