သတင်းများ

သံဃနာယကနှင့် ဝိနည်းဓိုရ် ဆင့်ပွားသင်တန်းဖွင့်လှစ်ပို့ချနိုင်ရေး သာပေါင်းမြို့နယ် သံဃနာယက အဖွဲ့စုံညီအစည်းအဝေး ကျင်းပ
Dec 08,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် သံဃနာယကနှင့် ဝိနည်းဓိုရ် ဆင့်ပွားသင်တန်းဖွင့်လှစ်ပို့ချနိုင်ရေးအတွက် ဒီဇင်ဘာလ ၇ ရက်နေ့၊ မွန်းလွှဲ ၁ နာရီအချိန်က အမှတ်(၁)ရပ်ကွက်၊ ကညင်ချောင်း ဓမ္မဗိမာန်ကျောင်းတိုက်၌ မြို့နယ် သံဃနာယကအဖွဲ့စုံညီ အစည်းအဝေးကျင်းပကြသည်။
ပုံပါကျင်မြို့ လူထုအ‌ခြေပြုဗဟိုဌာနတွင် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲကျင်းပ
Dec 08,2023
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၊ မိုင်းတုံခရိုင်၊ ပုံပါကျင်မြို့တွင် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲကို ယမန်နေ့ နေ့လယ် (၁) နာရီက ပုံပါကျင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
သုံးခွမြို့နယ်တွင် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကျင်းပ
Dec 08,2023
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က အ.ထ.က ၁ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
မြစ်သားမြို့နယ်တွင် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Dec 08,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ၁၃၈၅ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၁၀) ရက်နေ့တွင် ကျရောက်သည့် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားနှင့်ဆုချီးမြှင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က (အ.ထ.က) မြစ်သား ကျန်စစ်သားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မိုးကောင်းမြို့၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ကဗျာရွတ်ပြိုင်ပွဲ ကျင်းပ
Dec 08,2023
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ အ.ထ.က(၁) ကျောင်းမဉ္ဇူသကခန်းမ၌ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ကဗျာရွတ်ပြိုင်ပွဲကို ယမန်နေ့နံနက် (၉)နာရီတွင် ကျင်းပသည်။
ယင်းမာပင်မြို့၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနား ကျင်းပ
Dec 08,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့၌ ၂၀၂၃ခုနှစ် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ယမန်နေ့နံနက် (၇) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သာယာအေးခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်  ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြသည်။
ကမမောင်းမြို့တွင် (၁ဝ၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ
Dec 08,2023
၂ဝ၂၃ ခုနှစ်၊ (၁ဝ၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဆောင်ပုဒ်ဖြစ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးမှသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆီသို့ ဆောင်ပုဒ်နှင့်အညီ (၁ဝ၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီအချိန်က အ.ထ.က(ကမမောင်း) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ ဖာပွန်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးမင်း၊ ဖာပွန်မြို့နယ် ပညာရေးမှူး ဦးဇော်ဝင်းလှိုင်၊ ဖာပွန်မြို့နယ် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးစိုး၊ ကမမောင်းမြို့ အုပ်ချုပ်ရေးမှူးဦးသန်းလင်း၊ ကမမောင်းနယ်မြေရဲစခန်းမှူး ရဲအုပ်ဝင်းကြိုင်၊ ကမမောင်းမြို့ ပြည်သူ့ဆေးရုံမှ တိုက်နယ်ဆရာဝန် ဒေါက်တာဆုရဲထက်၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
တီးတိန်မြို့၌(၁၀၃)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အခမ်းအနားပြုလုပ်ကျင်းပ
Dec 08,2023
ချင်းပြည်နယ်၊ တီးတိန်ခရိုင်၊ တီးတိန်မြို့၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို တီးတိန် အခြေခံပညာအထက်တန်းကျောင်း အမှတ်(၁) စံကိုက်ညီကျောင်းဆောင်တွင် ယမန်နေ့နံနက် ၁၀ နာရီက ပြုလုပ်ကျင်းပသည်။