တပ်ကုန်းမြို့နယ်၌ မိုးရာသီသစ်ပင်စိုက်ပျိုးရာသီတွင် သစ်ပင်မျိုးစုံ (၁၀၉၄၃) ပင် စိုက်ပျိုးပြီးစီး

တပ်ကုန်း ဇူလိုင် ၁၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်အတွင်း နေပြည်တော်ကောင်စီ၏ လမ်းညွှန်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကြီးကြပ်၍ သစ်ဆိန်ပင်ကျေးရွာအုပ်စု၊ ဆည်တိုကျေးရွာနှင့် ကြာပင်အင်းကျေးရွာချင်းဆက် လမ်းဘေးဝဲယာနှင့် မြေလွတ်နေရာများတွင် မိုးရာသီ သစ်ပင်စိုက်ပျိုးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကျေးရွာပြည်သူများစုပေါင်း၍ သစ်ပင်စိုက်ပျိုးခဲ့သည်။

အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးရာတွင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာပြည်သူများက ကျွန်း ၃၀ ပင်၊ ပိတောက် ၇၀ ပင်၊ စားကုက္ကိုလ် ၁၀၀ ပင်၊ မယ်ဇလီပင် ၁၀၀ပင်နှင့် သပြေပင် နှစ်ပင်တို့အား စိုက်ပျိုးပေးခဲ့သည်။

တပ်ကုန်းမြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာများတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်သူများပူးပေါင်း၍ မိုးရာသီသစ်ပင်စိုက်ပျိုးချိန်တွင် သစ်ပင်မျိုးစုံ ၁၀၉၄၃ ပင် စိုက်ပျိုးပြီးစီးပြီဖြစ်ကြာင်း၊ ကျန်ရပ်ကွက်၊ ကျေးရွာများတွင် ဆက်လက်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်အထွထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

တင်စိုးလွင်