ရွာငံ ဇူလိုင် ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို အ.ထ.က(မြိုင်) ခွါညိုခန်းမတွင် ယနေ့နံနက်(၁၀)နာရီက ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ပြည့်ဖြိုးသန့်က ဦးစွာပထမလူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်နီနီမြင့်က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး အ.ထ.က (မြိုင်) ကျောင်းသား/သူများက လူငယ်နှင့် မူးယစ်ဆေးဝါးခေါင်းစဉ်ဖြင့် Grade – 10 မှ မောင်ထက်သူရအောင်၊ လူငယ်နှင့် ဆိုရှယ်မီဒီယာ ခေါင်းစဉ်ဖြင့် Grade – 10 မှမစိုးကဗျာ၊ လူငယ်နှင့်လူကုန်ကူးမှုအန္တရာယ်ခေါင်းစဉ်ဖြင့် Grade - 11 မှ မဇွန်မီမီအောင်၊ လူငယ်နှင့်ယဥ်ကျေးမှုခေါင်းစဉ်ဖြင့် Grade - 11 မှ မတာတာဝင်း၊ လူငယ်နှင့်စာပေခေါင်းစဉ်ဖြင့် Grade – 10 မှ မစိုးသီရိကျော်တို့က အသီးသီးဆွေးနွေးကြပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။ စကားဝိုင်းတွင် ပါဝင်ဆွေးနွေးသည့် ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ပြည့်ဖြိုးသန့်က အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါစကားဝိုင်းဆွေးနွေးပွဲသို့ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ(၂၂၀)ဦး တက်ရောက်ခဲ့ကြကြောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးလက်ကမ်းစာစောင်များနှင့် အသိပညာပေးနံရံကပ်စာစောင်များကို ဝေဝေဆာဆာပြသခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)