ရွှေဘိုမြို့၌ ကဆုန်လပြည့် (ဗုဒ္ဓနေ့) ညောင်ရေသွန်းလောင်းပူဇော်ပွဲ ကျင်းပ
May 04,2023
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၌ ၁၃၈၅ ခု၊ ကဆုန်လပြည့်(ဗုဒ္ဓနေ့)တွင် မဟာဗောဓိရွှေညောင်ပင်အား ပရိဘောဂစေတီအဖြစ် သတ်မှတ်ပြီး၊ ဗျာဒိတ်၊ ဖွားမြင်၊ ဗောဓိပင် စံဝင်နိဗ္ဗာန်နန်း ဆိုသည့်အတိုင်း (၁၂၈)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲကို ရွှေဘိုမြို့ထောင့်စေတီ ဘုရားပရဝုဏ်တွင်းရှိ ဗောဓိရွှေညောင်ပင်တွင် ပြုလုပ်ကျင်းပခဲ့သည်။