ပုသိမ်ကြီး ဒီဇင်ဘာ ၁၅
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် နံရံကပ် စာစောင်နှင့် ဟောပြောပွဲများ ပြိုင်ပွဲများ ကျင်းပခြင်းကို ယနေ့နံနက်ပိုင်းက ရန်ကင်းတောင်(အ.မ.က)ကျောင်း၌ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ပြပွဲတွင် မြို့နယ်ပြည်သူ့စာကြည့်တိုက်မှ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေး နံရံကပ်စာစောင် ပြသခြင်းများ၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲတို့ကို ရန်ကင်းတောင် (အ.မ.က)ကျောင်းရှိ ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတ ရရှိစေရန် ရည်ရွယ်ပြီး ပြပွဲ၊ပြိုင်ပွဲနှင့် ဟောပြောပွဲများအား ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အများပြည်သူ အသိပညာ ဗဟုသုတရရှိစေရန် ရည်ရွယ်ပြီး၊ အသိပညာပေး Talk Showများ ရိုက်ကူးထုတ်လွှင့်ခြင်း၊ နယ်လှည့်စာကြည့်တိုက်များဆောင်ရွက်ခြင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ၊ ကျန်းမာရေး၊ စီးပွား ရေး၊ ပညာရေး စသည့် ကဏ္ဍများကို ဖော်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)