သတင်းများ

ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ဥပ္ပါတသန္တိပါဠိတော် ရွတ်ဖတ်ပူဇော်၊ ပြည်နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Dec 15,2023
ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ဥပ္ပါတသန္တိပါဠိတော် ရွတ်ဖတ်ပူဇော်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ၅ နာရီအချိန်က ပြည်နယ်ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ဓမ္မာရုံ၌ကျင်းပရာ နိုင်ငံတော်ဩဝါဒစရိယ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဝိဇ္ဇာနန္ဒအမှူးပြုသော ထေရ်ကြီးဝါကြီးဆရာတော်ကြီးများ၊ ဥပ္ပါတသန္တိပါဠိတော်ကို ရွတ်ဖတ်ပူဇော်မည့် ဘာဏကသံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်၊ တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ တက်ရောက်ကြည်ညိုခဲ့ကြသည်။
ချမ်းမြသာစည်မြို့နယ် အမှတ် (၃၅) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်စကားဝိုင်းကျင်းပ
Dec 15,2023
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ အမှတ်(၃၅) အခြေခံပညာအထက်တန်းကျောင်းရှိ  ကျောင်းခန်းမ၌ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသိပညာ ဗဟုသုတရရှိပြီး နိုင်ငံတော်အတွက် အကျိုးပြု‌နိုင်သော ကျောင်းသား၊ကျောင်းသူများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
လိပ်သိုမြို့အခြေခံပညာအထက်တန်းကျောင်းတွင် ခရစ္စမတ်ဆုတောင်းဝတ်ပြုပွဲပြုလုပ်
Dec 15,2023
ခရစ်သက္ကရာဇ် (၂၀၂၃) ခုနှစ်၊ ဒီဇင်ဘာလ(၂၅) ရက်နေ့တွင် ကျရောက်မည့် ခရစ္စမတ်ပွဲတော်အကြို ဆုတောင်းဝတ်ပြုပွဲကို ကရင်ပြည် နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း သဇင်ဆောင်ခန်းမတွင် ယနေ့နံနက် (၉) နာရီအချိန်က ပြုလုပ်ကျင်းပရာ သိက္ခာတော်ရဘုန်းတော်ကြီး Rev,Fr. မာတင်ဝင်းဦး၏ အဖွင့်ဆုတောင်းပေးခြင်းဖြင့် စတင်ခဲ့ကြောင်း သိရသည်။
ကလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် လူငယ်နှင့် အပြောင်းအလဲ စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
Dec 15,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့် သူ့ဆက်ဆံရေးဦးစီးဌာန လူထုခြေပြုဗဟိုဌာန (Community Centre) ၌ စာရေးဆရာ မောင်မင်းစိုး ရေးသားသည့် လူငယ်နှင့် အပြောင်းအလဲ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က ကျင်းပခဲ့သည်။
ကလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ
Dec 15,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့် သူ့ဆက်ဆံရေးဦးစီးဌာန လူထုခြေပြုဗဟိုဌာန (Community Centre) ၌ စာရေးဆရာ မောင်မင်းစိုး ရေးသားသည့် လူငယ်နှင့် အပြောင်းအလဲ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က ကျင်းပခဲ့သည်။
နွေစပါးစိုက်တောင်သူများအား အထွက်နှုန်းကောင်းမွန်သည့် မျိုးစပါးဆိုင်ရာ ကိစ္စရပ်များနှင့် မျိုးကောင်းမျိုးသန့်ပြန့်ပွားရေးဆိုင်ရာများ တွေ့ဆုံဆွေးနွေး
Dec 15,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်တွင် နွေစပါးစိုက်တောင်သူများအား အထွက်နှုန်းကောင်းမွန်သည့် မျိုးစပါးဆိုင်ရာကိစ္စရပ်များနှင့် မျိုးကောင်းမျိုးသန့်ပြန့်ပွားရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများ၊ နွေစပါးစိုက်တောင်သူများ တက်ရောက်ခဲ့ကြသည်။
ကျွန်းစုမြို့တွင် အိမ်ထောင်စုအချက်အလက်များအား e-ID စနစ်အတွင်း ​ဖြည့်သွင်းဆောင်ရွက်
Dec 15,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဦးစီးမှူးရုံးမှ အိမ်ထောင်စုအချက်အလက်များအား e-ID စနစ်အတွင်း ဖြည့်သွင်းခြင်းကို ဒီဇင်ဘာလ(၆)ရက်နေ့မှ စတင်၍ ပြည်သူ့ဝန်ဆောင်မှုရုံး၌ ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အကြိုအထိမ်းအမှတ်(ခရိုင်အဆင့်) ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ
Dec 15,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ် အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း၊ ပတ္တမြားခန်းမ၌ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အကြိုအထိမ်းအမှတ်(ခရိုင်အဆင့်)ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။