လပွတ္တာ ဒီဇင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ (Biometric) ကောက်ယူခြင်းနှင့် (Unique ID) နံပါတ်ထုတ်ပေးခြင်း လုပ်ငန်းကို ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက်က အမှတ်(၉) ရပ်ကွက်တွင် ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့သို့ ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ် ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူး ဦးနိုင်ဦးနှင့် ဝန်ထမ်းများက အမှတ် ၉ ရပ်ကွက် ပြည်သူများအား ဥပဒေနှင့်အညီ အသက် (၁၀) နှစ်အထက် နိုင်ငံသားဖြစ်ခွင့်ရှိသူများအား ဂဏန်း (၁၀)လုံး ပါဝင်သည့် UID ကတ်ပြားများ ပြုလုပ်ပေးနိုင်ရေးအတွက် Biometric အချက်အလက် စိစစ် ကောက်ယူခြင်းနှင့် UID နံပါတ်ထုတ်ပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)