ကြံခင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် မြန်မာ့ရိုးရာဘိန်းမုန့်ပြုလုပ်နည်းသင်တန်း ဖွင့်လှစ်

ကြံခင်း ဇန်နဝါရီ   ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် အိမ်တွင်းလက်မှုလုပ်ငန်းတတ်ကျွမ်းစေရန်၊ မြန်မာမုန့်လုပ်နည်းများအား လုပ်ကိုင်တတ်စေရန်ရည်ရွယ်ပြီး မြန်မာ့ရိုးရာဘိန်းမုန့်ပြုလုပ်နည်းသင်တန်းဖွင့်လှစ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က   မြန်မာ့ရိုးရာဘိန်းမုန့်ပြုလုပ်နည်းသင်တန်း ဖွင့်လှစ်သင်ကြားပေးခြင်းဖြင့် မုန့်လုပ်နည်းများသိရှိနိုင်သကဲ့သို့ ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာဖြစ်ပြီး၊ မိမိတို့၏မိသားစုများ အာဟာရပြည့်ဝစွာ စီမံပြုလုပ်ကျွေးနိုင်မှာဖြစ်ပါကြောင်း ပြောကြားပြီးနောက်၊  မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်စန်းစန်းမြင့်က ဘိန်းမုန့်ပြုလုပ်ရာတွင် မုန့်ဖုတ်နည်းသည် ပညာရပ်တစ်ခုဖြစ်သဖြင့် အဖွဲ့ဝင်များအနေဖြင့်သင်တန်းမှ လက်တွေ့သင်ကြားပေးခြင်းအား စနစ်တကျမှတ်သားကြရန် ပြောကြားပါသည်။

ထို့နောက် သင်တန်းနည်းပြ ဒေါ်အေးအေးမွန်က ဘိန်းမုန့်ဖုတ်ရာတွင် အခြေခံကျသောအချက်များ၊ ပါဝင်ပစ္စည်းများအား အချိုးကျထည့်သွင်းဖျော်စပ်ပုံ၊ ပြုလုပ်ပုံအဆင့်ဆင့်အား အသေးစိတ်ရှင်းလင်းပြောကြားပြီး သင်တန်းသားများအား နည်းစနစ်တကျ ပြင်ဆင်တတ်စေရန် လက်တွေ့သင်ကြားပေးခဲ့သည်။

သင်တန်းတွင်မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌဒေါ်စန်းစန်းမြင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် သင်တန်းသား (၂၀)ဦး တက်ရောက်ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)